ဂရေမီဆောင်းနက်စ်သည် ဘောလုံးသမားဘဝက စပါး အသင်းတွင် ပရော်ဖက်ရှင်ကစားသမားဘဝကို အစပြုခဲ့သူ ဖြစ်သော်လည်း အသင်းတွင် တစ်ပွဲသာ ကစားခွင့်ရခဲ့သူဖြစ်သည်။
ဘောလုံးပွဲသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် ဂရေမီဆောင်းနက်စ်က စပါးအသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို သေချာပေါက်စိန်ခေါ်နိုင် သည့်အသင်းဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ဂရေမီဆောင်းနက်စ်က အဲဗာတန်အသင်းကို စပါးအသင်း ခြေစွမ်းပြအနိုင်ရခဲ့သည့်ပွဲအပြီးတွင် ယင်းကဲ့သို့ သုံးသပ်ခဲ့ခြင်းဖြစ်သော်လည်း အသင်းကြီးတစ်သင်းနှင့် လျော်ညီသည့် ဆုဖလားအောင်ပွဲများ ရယူနိုင်ရန် လိုအပ်နေပြီဟု လည်း ဆိုခဲ့သည်။
ဂရေမီဆောင်းနက်စ်က ''စပါးက ပရီးမီး ယားလိဂ်ချန်ပီယံဆုကို သေချာပေါက်စိန်ခေါ်နိုင်တဲ့အသင်း ပါ။ ဒါပေမဲ့ တိုက်စစ်မှူး ဟာရီကိန်း ကြံ့ခိုင်မှုပြည့်ဝနေဖို့တော့ လိုပါတယ်။ စပါးက အသင်းကြီးတစ်သင်း ဖြစ်နေပါပြီ။ ဒီလို အနေအထားမှာ ဆုဖလားအောင်ပွဲတွေ ရယူနိုင်ဖို့လည်း လိုအပ်နေပါပြီ။ ဒါဟာ ပိုချက်တီနိုနဲ့ စပါးအသင်းအတွက် စိန်ခေါ်မှုလည်း ဖြစ်နေပါတယ်။ ဆုဖလား မရယူနိုင်ရန် ကစားပုံကောင်းလည်း နောင်တစ်ချိန်မှာ သတိတရဖြစ်နေ မယ့်သူ မရှိနိုင်ပါ ဘူး''ဟု ပြောကြားခဲ့သည်။
ဂရေမီဆောင်းနက်စ်သည် ဘောလုံးသမားဘဝက စပါး အသင်းတွင် ပရော်ဖက်ရှင်ကစားသမားဘဝကို အစပြုခဲ့သူ ဖြစ်သော်လည်း အသင်းတွင် တစ်ပွဲသာ ကစားခွင့်ရခဲ့သူဖြစ်သည်။
သူသည် လီဗာပူးလ်အသင်းတွင် ပွဲပေါင်း(၂၀၀)ကျော်ကစားပြီး ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် စာရင်းဝင်ခဲ့သူဖြစ်ကြောင်းလည်း သိရှိရသည်။
ထို့ကြောင့် ဆောင်း နက်စ်က လီဗာပူးလ်အသင်းအနေဖြင့် လက်ရှိအချိန်တွင် မန်စီးတီးအသင်းကို ကောင်းကောင်းယှဉ်နိုင်စွမ်းရှိနေပြီဟုလည်း သုံးသပ်ခဲ့သည်။
ထို့ပြင် မန်ယူအသင်းမှာမူ လီဗာပူးလ်နှင့် မန်စီးတီးတို့၏နောက်တွင် ပြတ်ကျန်ခဲ့ပြီဖြစ် ကြောင်း၊ ပိုချက်တီနိုအနေဖြင့် စပါးအသင်းနှင့်သာ အောင်မြင်မှုရရှိသည်အထိ ဆက်လက်တွဲပြီး မန်ယူအသင်းသို့ မပြောင်းရွှေ့သင့်ကြောင်းလည်း
အကြံပြုခဲ့သည်။