မြန်မာ ယူ-၂၂ အသင်းသည် ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားပြီး တစ်ပတ် အကြာတွင် ပြန်လည်လေ့ကျင့်ခြင်း ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ဇန်နဝါရီတွင် သွားရောက်မည့် ကာ တာခြေစမ်းခရီးစဉ်အတွက် ဒီဇင်ဘာ ၂၆ ရက်တွင် လေ့ကျင့်မှုစတင်ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၂၂ အသင်းသည် ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားပြီး တစ်ပတ် အကြာတွင် ပြန်လည်လေ့ကျင့်ခြင်း ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲ အတွက် ကြိုတင်ပြင်ဆင်မည်ဖြစ်သောကြောင့် ၂၀၁၈ ဗီယက်နမ်ဖိတ် ခေါ်ပြိုင်ပွဲတွင် ခေါ်ဆောင်သွားခြင်းမရှိသည့် ကစားသမားများကို အား ဖြည့်ရွေးချယ်မည်ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲတွင် ဒုတိယရခဲ့သည့် အသင်းကို အခြေခံကာ ကစားသမား သစ်များ အင်အားဖြည့်တင်းမည်ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းနှင့် ကာတာ ယူ-၂၂ အသင်းသည် ဇန်နဝါရီ ၁၀ ရက်တွင် ကာတာနိုင်ငံ၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းခြေစမ်းခရီးစဉ်အတွက် လေ့ ကျင့်ခြင်းဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် အရန်အင်အားတောင့် တင်းရန်အတွက် ဗီယက်နမ်ဖိတ်ခေါ် ပြိုင်ပွဲတွင် အမာခံကစားသမားအချို့ ကို ခေါ်ဆောင်သွားခြင်းမရှိဘဲ လူသစ်ကစားသမားအချို့ကို ခေါ် ဆောင်သွားခဲ့သည်။
မြန်မာ ယူ-၂၂ အသင်းကို ပဏာမကစားသမား ၃၀ ဝန်းကျင်ဖြင့် ပြန်လည်ဖွဲ့စည်းမည် ဖြစ်ပြီး ၂၀၁၈ အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်း တွင် ပါဝင်ခဲ့သည့် လွင်မိုးအောင်၊ ဝင်းမိုးကျော်၊ ဆန်းဆက်နိုင် (ဂိုး) စသည့် ကစားသမားများ ပြန်လည် ပါဝင်လာမည်ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ၂၀၁၈ ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အိမ်ရှင်ဗီယက်နမ် အသင်းကို ပယ်နယ်တီအဆုံးအဖြတ်၌ အရေးနိမ့်ပြီး ဒုတိယဖြင့် ကျေနပ် ခဲ့ရသည်။
မြန်မာ ယူ-၂၂ အသင်း သည် အုပ်စုပွဲများတွင် မလေးရှားကို (၃-၀) ဂိုးဖြင့် အနိုင်ရပြီး ဗီယက်နမ် ကို (၂-၅) ဂိုး၊ ဂင်မ်ဟီးအသင်းကို (၀-၁) ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။
ဗိုလ်လုပွဲတွင် အိမ်ရှင်ဗီယက်နမ်နှင့် ပြန်လည်တွေ့ဆုံရာ နှစ်ဂိုးစီသရေကျ ပြီး ပယ်နယ်တီ၌ (၅-၃) ဂိုး၊ စုစုပေါင်း (၇-၅) ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။