ဇန်နဝါရီတွင် ဟီဂွါအင်နှင့် မိုရာတာ အလဲအထပ်ဖြစ်ဖွယ်ရှိဟု အီတလီသတင်းစာ ဖော်ပြ

ဇန်နဝါရီတွင် ဟီဂွါအင်နှင့် မိုရာတာ အလဲအထပ်ဖြစ်ဖွယ်ရှိဟု အီတလီသတင်းစာ ဖော်ပြ
Photo : AFP & BeIN
Photo : AFP & BeIN
Published 24 December 2018

အေစီမီလန်အသင်းတိုက်စစ်မှူး ဟီဂွါ အင်နှင့် ချယ်လ်ဆီးအသင်းတိုက်စစ်မှူး မိုရာ တာတို့ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အလဲအထပ်ပြောင်းရွှေ့နိုင်ကြောင်း အီတလီအခြေစိုက်သတင်းစာ La Gazzetta dello Sport က ဖော်ပြသည်။

၎င်းတို့နှစ်ဦးစလုံးသည် ယခုရာသီတွင် သက်ဆိုင်ရာကလပ်အသင်းများအတွက် ခြေ စွမ်းပြကစားနိုင်ခြင်းမရှိဘဲ ရုန်းကန်နေရ သဖြင့် အလဲအထပ်ပြုလုပ်ရန် ဆွေးနွေးနေ ခြင်းဖြစ်ကြောင်း ယင်းသတင်းစာက ဖော်ပြ သည်။

အာဂျင်တီးနားလက်ရွေးစင် ဟီဂွါအင် (၃၁ နှစ်) သည် ယခုနှစ်နွေရာသီတွင် ဂျူဗင် တပ်စ်အသင်းမှ အေစီမီလန်သို့ တစ်ရာသီ အတွက် ယူရို ၁၈ သန်းစာချုပ်ဖြင့် အငှား ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ရာသီကုန်တွင် ယူရို ၃၆ သန်းဖြင့် ခေါ်ယူခွင့်ရှိကြောင်း သိရ သည်။

သို့သော် ဟီဂွါအင်သည် အမှတ်ပေးပြိုင်ပွဲ၌ ၁၃ ပွဲ ကစား ငါးဂိုးသာသွင်းယူနိုင်သလို ပြိုင်ပွဲစုံ ၁၈ ပွဲကစား ခုနစ်ဂိုးသာ သွင်းယူထား သည်။

စပိန်လက်ရွေးစင် မိုရာတာ(၂၆ နှစ်)မှာလည်း ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ ၄၈ ပွဲ ကစား ၁၅ ဂိုးသာသွင်းယူခဲ့သလို ယခုရာသီ အမှတ်ပေးပြိုင်ပွဲ၌ ၁၄ ပွဲကစား ငါးဂိုးနှင့် ပြိုင်ပွဲစုံ ၂၁ ပွဲ ကစား ခုနစ်ဂိုးသာ သွင်းယူထား နိုင်သည်။

ထို့ကြောင့် ၎င်းင်းတို့နှစ်ဦး အလဲ အထပ်ပြုလုပ်ရန် ဒီဇင်ဘာ ၂၁ ရက်က ဆွေး နွေးရာ အေစီမီလန်နှင့် ချယ်လ်ဆီးအသင်းတို့ သဘောတူညီမှုရရှိခဲ့ပြီး ဟီဂွါအင်၏ မိခင် ကလပ် ဂျူဗင်တပ်စ်အသင်းထံမှ ခွင့်ပြုချက် ရရန်သာ ကျန်ရှိတော့ကြောင်း La Gazzetta dello Sport သတင်းစာက ဖော်ပြသည်။

ဟီဂွါအင်သည် ချယ်လ်ဆီးအသင်း နည်းပြ ဆာရီနှင့် နာပိုလီအသင်း၌ လက်တွဲ ခဲ့ဖူးပြီး ၎င်းင်းတို့နှစ်ဦးဆုံတွေ့သည့် ၂၀၁၅- ၂၀၁၆ ရာသီတွင် ပြိုင်ပွဲစုံ ၄၂ ပွဲကစား ၃၈ ဂိုးသွင်းယူကာ ကစားသမားဘဝတစ်လျှောက် ဂိုးအများဆုံးရာသီအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ဆာရီကလည်း ဟီဂွါအင်မှာ တိုက်စစ်မှူးကောင်းတစ်ဦးဖြစ်သည့်အပြင် လူပုဂ္ဂိုလ်အနေဖြင့်လည်း လူကောင်းတစ်ဦးဖြစ်ကြောင်း ပြောကြားဖူးသည်။

ဇန်နဝါရီတွင် ၎င်းင်းတို့အလဲထပ်မဖြစ်ပါက နွေ ရာသီတွင် ပြောင်းရွှေ့ကြေးမပါဘဲ တိုက်ရိုက် လဲလှယ်ဖွယ်ရှိကြောင်း သိရသည်။

 

Most Read

Most Recent