ငယ်ဘဝဆင်းရဲမှုများက နာမည်ကျော်ဘောလုံးသမားတစ်ဦးဖြစ်လာရန် တွန်းအားဖြစ်ခဲ့ကြောင်း နေမာ ဖွင့်ဟ

ငယ်ဘဝဆင်းရဲမှုများက နာမည်ကျော်ဘောလုံးသမားတစ်ဦးဖြစ်လာရန် တွန်းအားဖြစ်ခဲ့ကြောင်း နေမာ ဖွင့်ဟ
Photo: YouTube - O Primo Rico
Photo: YouTube - O Primo Rico
Published 23 December 2018

PSG အသင်း၏ ဘရာဇီးလ်လက်ရွေးစင်အသင်းခေါင်းဆောင်နေမာက ငယ်စဉ်ကဆင်းရဲမှုများသည် မိမိအားအောင်မြင်သည့် ဘောလုံးသမားတစ်ဦးဖြစ်လာရန် တွန်အားပေးခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ကမ္ဘာ့စျေးအကြီးဆုံး ဘောလုံးသမားအဖြစ် ပေါင် (၁၉၈) သန်းဖြင့် စံချိန်တင်ထားသည့် နေမာသည် ငယ်စဉ်က ကွတ်ကီး ဝယ်စားရန်ပင် ပိုက်ဆံမရှိခဲ့ကြောင်း YouTube Channel O Primo Rico နှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

နေမာက '' ကျွန်တော့်အမေနဲ့ ကျွန်တော့်ကြားမှာ ပုံပြင်လေးတစ်ပုဒ်ရှိပါတယ်။ ဒါကို လူတိုင်းကြားဖူးကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီတုန်းက ကျွန်တော်က ကွတ်ကီး အရမ်းကြိုက်ခဲ့တာပါ။ ကျွန်တော် ကွတ်ကီးအရမ်းစားချင်ခဲ့ပေမယ့် ကျွန်တော်တို့မှာ ပိုက်ဆံမရှိခဲ့ပါဘူး။ ဒါကြောင့် အမေက ကျွန်တော့်ကို ဒီလိုပြောပါတယ်၊ 'အမေတို့မှာ လောလောဆယ် ပိုက်ဆံမရှိဘူး။ ဒီတော့ ဒီတစ်ပတ် ဒါမှမဟုတ် နောက်တစ်ပတ်လောက် သားအဖေ လစာထုတ်တဲ့အခါ အမေတို့ ကွတ်ကီးဝယ်စားကြမယ်' ဆိုပြီး ပြောခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်က အမေ့ကို 'ရပါတယ် အမေ။ တစ်နေ့ကျရင် ကျွန်တော် အရမ်းချမ်းသာလာမှာပါ။ အဲဒီအခါကျရင် ကျွန်တော် ကွတ်ကီးစက်ရုံတစ်ရုံလုံးဝယ်ပြီး ကျွန်တော်စားချင်တဲ့အချိန် စားပစ်မှာ' လို့ ပြန်ပြောခဲ့ပါတယ်။ အဲဒီငယ်ငယ်တုန်းကအကြောင်းကို အခုပြောရင်လည်း အမေက ငိုတုန်းပါပဲ'' ဟုပြောကြားခဲ့သည်။

နေမာက ငယ်စဉ်ကတည်းက ဆင်းရဲသည့်ဘဝမှ ရုန်းထွက်နိုင်ရန် ကြိုးစားခဲ့ရကြောင်းနှင့် အသက် (၁၄)နှစ်၊ (၁၅) နှစ်အရွယ်မှာပင် ၄င်းအနေဖြင့် ဘဝအတွက် လိမ္မာမှ ဖြစ်မည်ကို သိရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent