ဘာစီလိုနာအသင်းသည် ဗလင်စီယာအသင်းမှ ကိုလံဘီယာနောက်ခံလူ မူရယ်လိုကို ရာသီကုန်အထိ အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရှိရသည်။
မူရယ်လို(၂၆ နှစ်)သည် ၂၀၁၀ ခုနှစ်ကတည်းက လာလီဂါတွင် ကျင်လည်ခဲ့သူဖြစ်သော်လည်း ယခုရာသီမှသာ ဗလင်စီယာအသင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် ခံစစ်ပိုင်းတွင် ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသည့်အတွက် မူရယ်လိုကို ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
ဘာစီလိုနာအသင်းသည် မူရယ်လိုကို ရာသီကုန်အထိ အငှားဖြင့် ခေါ်ယူခဲ့ခြင်းအတွက် ဗလင်စီယာအသင်းကို ယူရို(၂)သန်း ပေးချေရမည်ဖြစ်ပြီး ရာသီကုန်တွင် ယူရို(၂၅)သန်းဖြင့် အပြီးသတ်စာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရယူထားကြောင်းလည်း သိရှိရသည်။
ဘာစီလိုနာအသင်းသည် မူရယ်လိုကို ခေါ်ယူရန် ပြီးခဲ့သည့်ရက်ပိုင်းကမှ ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဗလင်စီယာအသင်းက လက်ခံခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
ဘာစီလိုနာအသင်းသည် မူရယ်လိုကို ကျော နံပါတ်(၄)ပေးအပ်မည်ဖြစ်ပြီး ဝါရင့်နောက်ခံလူ ပီကေးကို ပွဲစဉ်အချို့တွင် အနားပေးသွားရန် ရည်ရွယ်ထားကြောင်းလည်း သိရှိရသည်။