အူဘာမီယန်းကို ငှက်ပျောခွံဖြင့်ပစ်သည့်ပရိသတ် (၄)နှစ်ပွဲကြည့်ခွင့် ပိတ်ခံရပြီး ဒဏ်ငွေပေါင်(၅၀၀) ချမှတ်ခံရ

အူဘာမီယန်းကို ငှက်ပျောခွံဖြင့်ပစ်သည့်ပရိသတ် (၄)နှစ်ပွဲကြည့်ခွင့် ပိတ်ခံရပြီး ဒဏ်ငွေပေါင်(၅၀၀) ချမှတ်ခံရ
Photo : AFP, Evening Standard
Photo : AFP, Evening Standard
Published 19 December 2018

အူဘာမီယန်းသည် ဂိုးသွင်းယူအပြီး စပါးပရိသတ်များရှိရာ ပွဲကြည့် စင်ရှေ့၌ အောင်ပွဲခံခဲ့ရာ စပါးပရိသတ်များက အရာဝတ္ထုပစ္စည်း များနှင့် ပစ်ပေါက်ခဲ့ကြပြီး ပန်တယ်လီက ငှက်ပျောခွံဖြင့် ပစ်ပေါက် ခဲ့ခြင်းဖြစ်သည်။

ယခုလအစောပိုင်းက ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် အာဆင်နယ် (၄-၂) စပါးပွဲတွင် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ငှက်ပျောခွံဖြင့် ပစ်ပေါက်ခဲ့သော စပါးပရိသတ်တစ်ဦးမှာ ပွဲကြည့်ခွင့်(၄)နှစ်ပိတ်ပင်ခံရပြီး ဒဏ်ငွေပေါင်(၅၀၀) ချမှတ်ခံခဲ့ရကြောင်း သိရှိရသည်။

အသက်(၅၇)နှစ်အရွယ်ရှိပြီဖြစ်သည့် ဗန်ကားမောင်းသမား ပန်တယ်လီဆိုသူသည် ယင်းပွဲတွင် အာဆင်နယ်အသင်းအတွက် ပယ်နယ်တီဖြင့် ဦးဆောင်ဂိုးသွင်းပြီး အောင်ပွဲခံခဲ့သော အူဘာမီယန်းကို ပွဲကြည့်စင်ပေါ်မှနေ၍ ငှက်ပျောခွံဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။ 

အူဘာမီယန်းသည် ဂိုးသွင်းယူအပြီး စပါးပရိသတ်များရှိရာ ပွဲကြည့် စင်ရှေ့၌ အောင်ပွဲခံခဲ့ရာ စပါးပရိသတ်များက အရာဝတ္ထုပစ္စည်း များနှင့် ပစ်ပေါက်ခဲ့ကြပြီး ပန်တယ်လီက ငှက်ပျောခွံဖြင့် ပစ်ပေါက် ခဲ့ခြင်းဖြစ်သည်။

သူ၏လုပ်ရပ်မှာ လူမျိုးရေးခွဲခြားသည့် လုပ်ရပ်ဖြစ်၍ ရဲတပ်ဖွဲ့က CCTV ဖြင့် ရှာဖွေခဲ့ပြီး ၎င်းအားချက်ချင်းဆိုသလို ဖမ်းဆီးထိန်း သိမ်းခဲ့သည်။ 

တရားရင်ဆိုင်ရာ၌ ပန်တယ်လီက သူ၏လုပ်ရပ်မှာ လူမျိုးရေးခွဲခြားခြင်းမဟုတ်ဟု ဆိုခဲ့သော်လည်း တရားသူကြီးက လက်မခံခဲ့ဘဲ ၎င်းအား ယင်းပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

၎င်းအနေဖြင့် ဘောလုံးကွင်းများသို့ (၄)နှစ်ကြာသွားရောက်ကြည့်ရှု ခွင့်ရှိမည်မဟုတ်ဘဲ ဒဏ်ငွေပေါင်(၅၀၀)လည်း ပေးဆောင်ခဲ့ရသည်။ 

ပန်တယ်လီသည် စပါးအသင်းအား နှစ်(၅၀)ခန့် အားပေး ခဲ့သည့် အမာခံပရိသတ်တစ်ဦးဖြစ်သည်။