အကောင်းဆုံးပုံစံဖြင့် မော်ရင်ဟို ပြန်လာလိမ့်မည်ဟု ချယ်လ်ဆီးအသင်းလက်ထောက်နည်းပြ ဇိုလာပြောကြား

အကောင်းဆုံးပုံစံဖြင့် မော်ရင်ဟို ပြန်လာလိမ့်မည်ဟု ချယ်လ်ဆီးအသင်းလက်ထောက်နည်းပြ ဇိုလာပြောကြား
Photo: Getty Images
Photo: Getty Images
Published 19 December 2018

 

ချယ်လ်ဆီးအသင်းလက်ထောက်နည်းပြဖြစ်သူ ဇိုလာက မော်ရင်ဟိုအနေဖြင့် မန်ယူအသင်းနည်းပြရာထူးမှထုတ်ပယ်ခံခဲ့ရသော်လည်း ဘောလုံးလောကကို အကောင်းဆုံးပုံစံဖြင့် ပြန်လာလိမ့်မည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့သည်။ 

ဘုန်းမောက်အသင်းနှင့်ကစားမည့် လိဂ်ဖလားပွဲကြိုပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မော်ရင်ဟိုထုတ်ပယ်ခံခဲ့ရခြင်းနှင့်ပတ်သက်ပြီး သတင်းထောက်များက ဇိုလာကို မေးမြန်းခဲ့ကြသည်။

ဇိုလာက '' နည်းပြတွေ ရာထူးကထုတ်ပယ်ခံရတိုင်း ကျွန်တော်ဘယ်တော့မှ စိတ်မချမ်းသာခဲ့ပါဘူး။ ဒါမျိုးက ဘယ်သူ့အတွက်မှလည်း ပျော်စရာကိစ္စမဟုတ်ပါဘူး။ မော်ရင်ဟိုလိုအသင်းအတွက် အများကြီးလုပ်ပေးနေတဲ့ နည်းပြတစ်ယောက်အတွက် ဒီကိစ္စကပိုဆိုးပါလိမ့်မယ်။ ကျွန်တော်လည်း လူတိုင်းလိုပဲ မော်ရင်ဟိုအတွက်စိတ်မကောင်းပါဘူး။ သူ့အနေနဲ့ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ပါစေလို့ပဲ ကျွန်တော်ဆုတောင်းပါတယ်။ အဲဒီလိုသူပြန်လာနိုင်မယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်'' ဟုပြောကြားခဲ့သည်။

ထို့ပြင် ဇိုလာက လက်ရှိဘောလုံးလောကတွင် ရလဒ်ဆိုးရွားပါက နည်းပြများကို ထုတ်ပယ်လေ့ရှိသည်မှာ ထုံးစံတစ်ခုကဲ့သို့ ဖြစ်နေကြောင်းလည်း ပြောကြားခဲ့သည်။

"အခုခေတ်မှာနည်းပြတွေကို ထုတ်ပယ်တာက အစဉ်အလာတစ်ခုလို ဖြစ်နေပါပြီ။ ဒီဖြစ်ရပ်ကို မော်ရင်ဟိုအနေနဲ့ အကောင်းဆုံးတုံ့ပြန်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"ဟု ဇိုလာက ပြောကြားခဲ့သည်။