မြန်မာတက္ကသိုလ်ဘောလုံးအသင်း စင်ကာပူကို အနိုင်ရပြီး ပထမဆုံးနိုင်ပွဲရရှိ

မြန်မာတက္ကသိုလ်ဘောလုံးအသင်း စင်ကာပူကို အနိုင်ရပြီး ပထမဆုံးနိုင်ပွဲရရှိ
ASEAN University Games 2018
ASEAN University Games 2018
Published 11 December 2018

အာဆီယံတက္ကသိုလ်ပြိုင်ပွဲ၏ အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို ဒီဇင်ဘာ ၁၀ ရက်ညနေပိုင်းက ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ဆက်လက်ကျင်းပရာ မြန်မာတက္က သိုလ်အသင်း ပထမဆုံးနိုင်ပွဲရခဲ့ကြောင်း သိ ရသည်။

ဒုတိယနေ့တွင် မြန်မာအသင်းက စင်ကာပူအသင်းကို (၂-၁) ဂိုး၊ ထိုင်းအသင်းက မလေးရှားအသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရ ခဲ့သည်။ 

မြန်မာအသင်းသည် နိုင်ပွဲစရခဲ့သော် လည်း စင်ကာပူကို ခက်ခက်ခဲခဲကစားရပြီး နောက်ကျဂိုးဖြင့် အမှတ်ပြည့်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

အဖွင့်ပွဲတွင် သရေကျခဲ့သည့် မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သော်လည်း အကောင်းဆုံးပုံစံမရသေးသောကြောင့် ခက် ခက်ခဲခဲကစားခဲ့ရသည်။ 

၅၅ မိနစ်တွင် စင်ကာပူအသင်းခေါင်းဆောင် ချန်ဝေဇီ နှစ်ဝါ၊ တစ်နီဖြင့် ထုတ်ပယ်ခံရ၍ မြန်မာအသင်း တစ်ယောက်အသာရသော်လည်း ၆၂ မိနစ်တွင် ဂိုးပေးလိုက်ရသောကြောင့် နောက်မှ လိုက်ကစားခဲ့ရသည်။ 

စင်ကာပူအတွက် ဦး ဆောင်ဂိုးကို ဇာဖာလီက သွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရသောကြောင့် မြန်မာအသင်း ချေပဂိုးပြန်ရရန် ကြိုးပမ်းသော်လည်း ၈၄ မိနစ်မှ ဂိုးပြန်ရခဲ့ပြီး တာရာတင်သိန်းက သွင်းယူခဲ့သည်။ 

မြန်မာအသင်းအတွက် အနိုင်ဂိုး ကို ၉၀+၁ မိနစ်တွင် အသင်းခေါင်းဆောင် နေမျိုးထွေးက သွင်းယူသည်။ 

မြန်မာအသင်းသည် တတိယပွဲအဖြစ် ဒီဇင်ဘာ ၁၄ ရက်တွင် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

ဒုတိယနေ့အပြီးတွင် ထိုင်းအသင်းက ခြောက် မှတ်၊ မြန်မာအသင်းက လေးမှတ်၊ လာအို အသင်းက တစ်မှတ်ရထားပြီး မလေးရှားနှင့် စင်ကာပူအသင်းမှာ အမှတ်မရသေးပေ။

Most Read

Most Recent