ဇန်နဝါရီတွင် ကစားသမားသစ်ခေါ်ယူဖွယ်ရှိဟု ဆာရီ ဆို

ဇန်နဝါရီတွင် ကစားသမားသစ်ခေါ်ယူဖွယ်ရှိဟု ဆာရီ ဆို
Photo : AFP
Photo : AFP
Published 10 December 2018

ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက ဇန်နဝါရီအပြောင်းအရွှေ့ ကာလတွင် ကစားသမားသစ်ခေါ်ယူ ဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားသည်။

ယခုတစ်ပတ် မန်စီးတီးအသင်း နှင့်ကစားသည့်ပွဲမတိုင်မီ သတင်းစာ ရှင်းလင်းပွဲတွင် ဆာရီက ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်ပြီး လက်ရှိကစား သမားများ၏ စိတ်ပိုင်းဆိုင်ရာအခြေ အနေကို ပြောင်းလဲရန်လည်းလိုအပ် ကြောင်း သုံးသပ်ပြောကြားသည်။ 

''ကျွန်တော်တို့အနေနဲ့ အခုထက် ပိုပြီး တိုးတက်လာဖို့အတွက် အလုပ် တွေလုပ်ရဦးမှာပါ။ အသင်းရဲ့ကစား ပုံကိုလည်း နားလည်သဘောပေါက် ဖို့ လိုပါတယ်။ ပြီးတော့ စိတ်ပိုင်းဆိုင် ရာ အခြေအနေကိုလည်း ပြောင်းလဲ ဖို့ လိုပါတယ်။ အရင်ပုံစံက ဆိုးရွား နေလို့မဟုတ်ဘဲ အသစ်သွားနေတဲ့ ကစားပုံနဲ့ ကိုက်ညီမှုမရှိလို့ပါ။ အဲဒီ အချက်တွေအားလုံး ပြီးသွားပြီဆိုရင် ကစားသမားသစ်တစ်ဦးလောက် တော့ လိုအပ်ကောင်းလိုအပ်နိုင် တယ်''ဟု ဆာရီက ပြောကြားသည်။ 

ချယ်လ်ဆီးအသင်းသည် အဓိက ကစားသမား ဟာဇက်အား စာချုပ် သက်တမ်းတိုးမြှင့်နိုင်ရန် ကြိုးပမ်း လျက်ရှိပြီး ဆာရီကလည်း ၎င်းင်းအား ဆက်ရှိနေစေလိုကြောင်း ပြောကြား ထားသည်။

Most Read

Most Recent