ထိုင်းနိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံထား ရသည့် ဘာရိန်းလက်ရွေးစင်ဘောလုံးသမား ဟောင်း ဟာကင်အယ်လာအစ်ဘီအား ပြန်လည်လွှဲပြောင်းပေးရန် ဘာရိန်းအစိုးရ၏ တောင်းဆိုမှုကို ထိုင်းတရားရုံးက ဒီဇင်ဘာ ၇ ရက်တွင် လက်ခံလိုက်ပြီဖြစ်ကြောင်း သိရ သည်။
အသက် ၂၅ နှစ်ရှိပြီဖြစ်သည့် အယ်လာ အစ်ဘီသည် နိုဝင်ဘာ ၂၇ ရက်က ဇနီးဖြစ်သူ နှင့်အတူ သြစတြေးလျနိုင်ငံမှ ဘန်ကောက် မြို့သို့ အပန်းဖြေခရီးရောက်ရှိလာစဉ် ဖမ်းဆီး ထိန်းသိမ်းခံရခြင်းဖြစ်သည်။
လက်ရှိတွင် မဲလ်ဘုန်းမြို့ရှိ ဆီမီးပရိုကလပ် Pascoe Vale အသင်း၌ ပါဝင်ကစားနေသည့် အယ်လာအစ် ဘီသည် ၂၀၁၂ ခုနှစ် ဘာရိန်းဆန္ဒပြမှုဖြစ်စဉ် တွင် ဖမ်းဆီးခံရပြီးနောက် သြစတြေးလျနိုင်ငံ သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ငါးနှစ်အကြာတွင် နိုင်ငံရေးခိုလှုံခွင့်ရရှိခဲ့သည်။
အယ်လာအစ်ဘီသည် ရဲဌာနတစ်ခုအား ဖျက်ဆီးရာတွင် ပါဝင်သဖြင့် မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထား ရခြင်းဖြစ်ပြီး ၎င်းင်းကမူ စွပ်စွဲခံရသည့်ကာလ တွင် ဘောလုံးပွဲကစားရန် နိုင်ငံပြင်သို့ရောက် ရှိနေကြောင်း တုံ့ပြန်ထားသည်။
၎င်းအား လွှဲပြောင်းပေးရန် ဘာရိန်းတရားရုံးချုပ်၏ တောင်းဆိုမှုကို တရားရုံးက လက်ခံလိုက်ခြင်း ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်မှစ၍ ၁၂ ရက်အတွင်း လွှဲပြောင်းခြင်းပြု၊ မပြု ဆုံးဖြတ်မည်ဖြစ်သည်။
''အခုဆိုရင် ကျွန်တော် တော်တော်လေးစိုးရိမ် နေတယ်။ ဘာရိန်းမှာ လူ့အခွင့်ရေးစည်းမျဉ်း တွေ လိုက်နာမှုမရှိတဲ့သတင်းတွေကို ခင်ဗျား တို့လည်း တွေ့ကြမှာပါ''ဟု ၎င်းင်းက ပြောကြား သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ကလည်း ၎င်းင်းအား သြစတြေးလျသို့ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။