ဂျူဗင်တပ်စ် နှင့် အင်တာမီလန် (စနေနံနက် ၂:၀၀ နာရီ)
Derby d' Italia အီတလီဒါဘီတိုက်ပွဲဟာ ဂျူဗင်တပ်စ်ရဲ့ဂုဏ်သိက္ခာကို ထပ်ပြီးမြင့်တက်စေဦးမလား။ စီရော်နယ်လ်ဒိုအတွက် စံချိန်မှတ်တမ်းတွေ ထပ်ပြီးမွေးဖွားစေဦးမလား။ ပြီးတော့ စီရော်နယ်လ်ဒိုနဲ့ အီကာဒီတို့ရဲ့ သွင်းဂိုးတွေ၊ စီးရီးအေသွင်းဂိုးဘုရင်ဆုအတွက် စီရော်နယ်လ်ဒိုနဲ့ အီကာဒီ ထိပ်တိုက်တွေ့ဆုံမှု သွင်းဂိုးအားပြိုင်ပွဲကို မြင်တွေ့ရမလား။ စီးရီးအေရပ်ဝန်းသီးသန့်ကိုကြည့်ရင် ဂျူဗင်တပ်စ်ရော၊ အင်တာမီလန်ပါ အမြင့်ပျံနေသလို၊ သူတို့နှစ်သင်းရဲ့ Attacking Style တွေက တမူထူးခြားစွာ ဖျော်ဖြေမှုပေးနေပါတယ်။ ဒါပေမဲ့ ဒီပွဲပြီးရင်ကြုံတွေ့ရမယ့် ချန်ပီယံလိဂ်စိန်ခေါ်မှုကို နှိုင်းယှဉ်ရင် ဂျူဗင်တပ်စ်က အေးဆေးသက်သာစွာတည်ရှိနေပြီး အင်တာမီလန်ကတော့ နောက်တစ်ဆင့်တက်ရောက်ခွင့်လက်မှတ်အတွက် အမှားမခံပါဘူး။ အင်တာမီလန် အမြင့်ဆုံးသရေတစ်မှတ်သာ မျှော်လင့်သင့်ပြီး ဂျူဗင်တပ်စ် နိုင်ပွဲဆက်မယ့်ပွဲမျိုးပါပဲ။
လီဟာနက်စ် နှင့် ဂီတာဖေး (စနေနံနက် ၂:၃၀ နာရီ)
လီဟာနက်စ်ရဲ့ခြေစွမ်းက တဖြည်းဖြည်းလမ်းကြောင်းမှန်ပေါ် ရောက်လာနေသလိုပါပဲ။ ဂီတာဖေးကတော့ အဝေးကွင်း ကစားအား သာမန်လောက်ပဲရှိပြီး အဝေးကွင်းမှာ သရေ (၁)မှတ်ကိုပဲ အဓိကထားကစားနေတဲ့ပုံမျိုးပေါ်နေသေးတယ်။ ဒီပွဲက လီဟာနက်စ်နဲ့ ဂိုးအနည်းပဲ ကောင်းမယ်။
ဝါဒါဘရီမင် နှင့် ဒစ်ဆယ်ဒေါ့ဖ် (စနေနံနက် ၂:၀၀ နာရီ)
ဝါဒါဘရီမင်တို့ ဘွန်ဒစ်လီဂါမှာ နိုင်ပွဲပျောက်ဆုံးနေတာ (၆)ပွဲဆက်ရှိသွားပါပြီ။ ဒီတစ်ပွဲတော့ ဝါဒါဘရီမင် အနိုင်ပြန်ရှာမှာ သေချာပါတယ်။