အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)သည် ၂၀၁၉ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ကျင်းပခွင့်ရရှိထားသည့် ကင်မရွန်းအား ပြိုင်ပွဲအတွက်ပြင်ဆင်မှုများတွင် နှောင့်နှေး ခြင်းများကြောင့် ပြိုင်ပွဲအိမ်ရှင်အဖြစ်မှ ရုပ် သိမ်းခဲ့ကြောင်း နိုဝင်ဘာ ၃၀ ရက်က အတည် ပြုကြေညာခဲ့သည်။ CAF ဥက္ကဋ္ဌ အာမက်အာ မက်က ဂါနာနိုင်ငံ၊ အက်ကရာမြို့တွင်ပြုလုပ် ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ကင်မရွန်း ကို ၂၀၁၉ အာဖရိကနိုင်ငံများဖလား အိမ်ရှင် အဖြစ်မှ ရုပ်သိမ်းရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ ကြောင်း ပြိုင်ပွဲကျင်းပရန် ခုနစ်လသာလိုသည့် အချိန်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။
ဂါနာနိုင်ငံမြို့တော်တွင် CAF အမှု ဆောင်အစည်းအဝေးကို ၁၀ နာရီကြာတံခါးပိတ်ကျင်းပပြီးနောက် အာမက်က ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ၎င်းက ပြိုင်ပွဲ အိမ်ရှင်နိုင်ငံသစ်ကို ယခုနှစ်မကုန်မီရွေးချယ် သွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
လက်ရှိတွင် ယင်းပြိုင်ပွဲကို တောင်အာဖရိက၊ မော်ရိုကိုနိုင်ငံများက အစားထိုးလက်ခံကျင်း ပရန်စိတ်ဝင်စားနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ တောင်အာဖရိကမှာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် နိုင်ငံတွင်း အခြေခံအဆောက်အဦးများ ပြည့်စုံနေပြီး ၂၀၁၃ အာဖရိကနိုင်ငံများဖလားကိုလည်း လက်ခံကျင်းပခဲ့သည်။
မော်ရိုကိုမှာလည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်ပွဲတွင် အရေးနိမ့်ခဲ့သော်လည်း ယင်းအတွက် ပြင်ဆင်မှုများကြောင့် ပြိုင်ပွဲကို အသင့်လက်ခံကျင်းပနိုင်မည့်အခြေအနေရှိနေသည်။ မော်ရိုကိုသည် ၂၀၁၅ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့သော်လည်း အနောက်အာဖရိကတွင်ဖြစ်ပွားသော အီဘိုလာဗိုင်းရပ်စ်ကို အကြောင်းပြကာ ပြိုင်ပွဲအိမ်ရှင်အဖြစ်မှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
၂၀၁၉ ပြိုင်ပွဲကို ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အသင်းပေါင်း ၂၄ သင်းအဖြစ် ကျင်း ပရန်စီစဉ်ထားခြင်းဖြစ်ပြီး ပြိုင်ပွဲ၏လက်ရှိ ချန်ပီယံမှာ အိမ်ရှင်အဖြစ် ရုပ်သိမ်းခံခဲ့ရသည့် ကင်မရွန်းအသင်းဖြစ်သည်။ ကင်မရွန်းအသင်းအနေဖြင့် အိမ်ရှင်အဖြစ် ပြိုင်ပွဲကိုအလို အလျောက်ယှဉ်ပြိုင်ခွင့်ဆုံးရှုံးခဲ့ပြီး ကိုမိုရော့စ်အသင်းနှင့်ကစားမည့် ခြေစစ်ပွဲနောက်ဆုံးပွဲမှာ အရေးပါလာခဲ့သည်။
ခြေစစ်ပွဲအောင်ထားသည့်အသင်းများ
မာဒါဂါစကာ
တူနီးရှား
အီဂျစ်
ဆီနီဂေါ
မော်ရိုကို
နိုင်ဂျီးရီးယား
ယူဂန္ဓာ
မာလီ
ဂီနီ
အယ်လ်ဂျီးရီးယား
မော်ရီတေးနီးယား
အိုင်ဗရီကို့စ်
* စုစုပေါင်း ၂၄ သင်းခြေစစ်ပွဲအောင်မြင်မည်။