အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရရန် အသင်းခြောက်သင်း အပြိုင်ဖြစ်နေ

အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရရန် အသင်းခြောက်သင်း အပြိုင်ဖြစ်နေ
Published 23 November 2018

လက်ရှိကျင်းပနေသည့် ၂၀၁၈ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် တက်ရောက်ခွင့်အတွက် အသင်းခြောက်သင်း အပြိုင်ဖြစ်နေကြောင်း သိရသည်။

နိုဝင်ဘာ ၂၁ ရက်ပွဲစဉ်များအပြီးအထိ ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရသည့်အသင်း ထွက်ပေါ်ခြင်းမရှိသေးဘဲ နောက်ဆုံးပွဲအထိ အဆုံးအဖြတ်ခံယူရမည်ဖြစ်သည်။ အုပ်စု (A) တွင် ခုနစ်မှတ်စီရထားသည့် မြန်မာနှင့် ဗီယက်နမ်၊ ခြောက်မှတ်ရထားသည့် မလေးရှား၊ အုပ်စု (B) တွင် ခုနစ်မှတ်စီရထားသည့် ထိုင်းနှင့် ဖိလစ်ပိုင်၊ ခြောက်မှတ်ရထားသည့် စင်ကာပူအသင်းတို့ အပြိုင်ဖြစ်နေသည်။ အုပ်စုနောက်ဆုံးပွဲကို နိုဝင်ဘာ ၂၄၊ ၂၅ ရက် တွင် ကျင်းပမည်ဖြစ်ပြီး အုပ်စု (A) တွင် မလေးရှားနှင့် မြန်မာ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား၊ အုပ်စု (B)တွင် ထိုင်းနှင့် စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ရမှတ်အသာရထား သည့် မြန်မာနှင့် ဗီယက်နမ်၊ ထိုင်းနှင့် ဖိလစ်ပိုင်အသင်းတို့မှာ နောက်ဆုံးပွဲတွင် အနိမ့်ဆုံး သရေကစားရုံဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ယခုပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းစားသည့်အသင်းများစာရင်း ၌ ပါဝင်ခဲ့သည့် အင်ဒိုနီးရှားအသင်းမှာမူ ဖိလစ်ပိုင်နှင့်ကစားရန် ကျန်သေးသော်လည်း ထိုင်းနှင့် စင်ကာပူကို အဝေးကွင်း၌ ရှုံးနိမ့်ခဲ့သောကြောင့် ပြိုင်ပွဲမှ စောစီးစွာထွက်ခဲ့ရခြင်းဖြစ်သည်။

Most Read

Most Recent