မန်စီးတီးအသင်းတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်စွမ်းရှိသည်ဟု အဂွဲရိုး ပြောကြား

မန်စီးတီးအသင်းတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်စွမ်းရှိသည်ဟု အဂွဲရိုး ပြောကြား
Photo: Getty Images
Photo: Getty Images
Published 23 November 2018

 

မန်စီးတီးအသင်းတိုက်စစ်မှူး အဂွဲရိုးက ၎င်းတို့အသင်းတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်စွမ်းရှိသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၂၀၀၉ ခုနှစ်နောက်ပိုင်း ချန်ပီယံဆုကို (၂)နှစ်ဆက်ရရှိသည့်အသင်းမရှိတော့ဘဲ ယခုရာသီတွင် မန်စီးတီးအသင်းက (၂)နှစ်ဆက် ဗိုလ်စွဲရန် ရည်မှန်းနေခြင်း ဖြစ်သည်။

မန်စီးတီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၁၂)အပြီးတွင် ရမှတ် (၃၂)မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး အဆင့် (၂)နေရာမှ လီဗာပူးလ်အသင်း (၃၀ မှတ်)နှင့် (၂)မှတ်သာ ကွာဟသော်လည်း ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ်နေသည်။

အဂွဲရိုးက "ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အသင်းမှာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲခဲ့တဲ့ ဆုဖလားဆာလောင်စိတ်တွေ ရှိနေတုန်းပါပဲ။  ဒါကြောင့် ချန်ပီယံဆုကို ကာကွယ်နိုင်မယ်လို့ ယုံကြည်မှုရှိပါတယ်။ ဒီတော့ ကျွန်တော်တို့ သေချာအာရုံစိုက်ပြီး ပြီးခဲ့တဲ့ရာသီကလို  စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဦးမှာပါ။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ရာသီကလို ကစားနေနိုင်ဆဲဖြစ်သလို ကစားသမားတွေကလည်း အကုန်လုံး အရင်အတိုင်းရှိနေတုန်းပါပဲ။ ဒီတော့ ချန်ပီယံဆုကာကွယ်နိုင်ရေးက ကျွန်တော်တို့အပေါ်မှာပဲ မူတည်နေပါတယ်"ဟု  ပြောကြားခဲ့သည်။

အသက် (၃၀)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၈) ဂိုးအထိ သွင်းယူထားပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။

Most Read

Most Recent