ကမ္ဘာ့ဘိလိယက် Long Up ပြိုင်ပွဲတွင် မြန်မာကစားသမား ချစ်ကိုကို ကွာတားဖိုင်နယ်တက်

ကမ္ဘာ့ဘိလိယက် Long Up ပြိုင်ပွဲတွင် မြန်မာကစားသမား ချစ်ကိုကို ကွာတားဖိုင်နယ်တက်
ချစ်ကိုကို (Photo : IBSF)
ချစ်ကိုကို (Photo : IBSF)
Published 17 November 2018

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၈ ကမ္ဘာ့ဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲ၏ Long Up ပြိုင်ပွဲ ၁၆ ဦးရှုံးထွက်အဆင့်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Grand Mercure ဟိုတယ်၌ ကျင်းပရာ မြန်မာဘိလိယက်ကစားသမား ချစ်ကိုကို ကွာတားဖိုင်နယ် တက်ရောက်ခဲ့ကြောင်း သိရသည်။

၁၆ ဦးရှုံးထွက်အဆင့်သို့ မြန်မာကစားသမားများဖြစ်သည့် ချစ်ကိုကိုနှင့် နေသွေးဦးတို့ တက်ရောက်ခဲ့ပြီး ချစ်ကိုကိုက ပါတယ် (အင်္ဂလန်) ကို (၇၅၀-၁၂၄) မှတ်ဖြင့် အနိုင်ရကာ ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။

နေသွေးဦးမှာမူ ကိုသရီ (အိန္ဒိယ) ကို (၂၈၈-၇၅၀) မှတ်ဖြင့်ရှုံးနိမ့်ကာ ကွာတားဖိုင်နယ်နှင့် လွဲချော်ခဲ့သည်။

ကွာတားဖိုင်နယ်ပွဲများကို ယနေ့မွန်းလွဲ ၂ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး ဒေးဗစ်ကာဆီယာ (အင်္ဂလန်) နှင့် ချစ်ကိုကို (မြန်မာ)၊ မိုက်ရပ်ဆဲလ် (အင်္ဂလန်) နှင့် အက်ဗာနီ (အိန္ဒိယ)၊ ကူမာ (အိန္ဒိယ) နှင့် ဘာလာချန်ဒရာ (အိန္ဒိယ)၊ ပရာပွတ် (ထိုင်း) နှင့် ကိုသရီ (အိန္ဒိယ) တို့ တွေ့ဆုံနေသည်။

ကွာတားဖိုင်နယ်သို့ အိန္ဒိယကစားသမားလေးဦး၊ အင်္ဂလန်ကစားသမားနှစ်ဦး၊ မြန်မာနှင့် ထိုင်းကစားသမား တစ်ဦးစီ တက်ရောက်ခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲများကို ည ၇ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။