ဗီယက်နမ်ပရိသတ်များအတွက် လက်မှတ်ခွဲတမ်း ၂၄၀၀ MFF ရောင်းချပေးမည်

ဗီယက်နမ်ပရိသတ်များအတွက် လက်မှတ်ခွဲတမ်း ၂၄၀၀ MFF ရောင်းချပေးမည်
Published 17 November 2018

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် နိုဝင်ဘာ ၂၀ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ မြန်မာအသင်းနှင့် ဗီယက်နမ် အသင်းတို့ ယှဉ်ပြိုင်ကစားမည့်ပွဲအတွက် ဗီ ယက်နမ်ပရိသတ်များအား လက်မှတ်ခွဲတမ်း ၂၄၀၀ ရောင်းချပေးမည်ဖြစ်ကြောင်း သိရ သည်။

MFF သည် အဝေးကွင်းပရိသတ်များ အတွက် သတ်မှတ်ထားသည့် လက်မှတ်ခွဲ တမ်း ရှစ်ရာခိုင်နှုန်းအဖြစ် ၂၄၀၀ ရောင်းချ ပေးမည်ဖြစ်ပြီး မြန်မာပရိသတ်များအတွက် ကျန်လက်မှတ်များကိုမူ သက်ဆိုင်ရာနေရာ များတွင် ရောင်းချလျက်ရှိသည်။

ဗီယက်နမ် ပရိသတ်များသည် အဝေးကွင်းပွဲများအား လိုက်လံကြည့်ရှုလေ့ရှိပြီး ၂၀၁၆ ခုနှစ်က ရန်ကုန်မြို့၌ ကျင်းပသည့် ဆူဇူကီးဖလား အုပ်စုပွဲတွင်လည်း ပရိသတ်အများအပြား လာရောက်အားပေးကြည့်ရှုခဲ့သည်။

မြန်မာ အသင်းသည် ယခုနှစ် အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲ အုပ်စုပွဲများအနက် ကမ္ဘော ဒီးယား၊ ဗီယက်နမ်တို့နှင့်ပွဲများကို အိမ်ကွင်း လက်ခံကျင်းပခွင့်ရပြီး ကမ္ဘောဒီးယားနှင့်ပွဲ ကို မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပ ခဲ့သည်။

ယင်းပွဲကို ကမ္ဘောဒီးယားပရိသတ် များ လာရောက်အားပေးကြည့်ရှုခဲ့ခြင်းမရှိဘဲ မြန်မာပရိသတ် ၂၀၀၀၀ ကျော် အားပေး ခဲ့သည်။

 မြန်မာအသင်းနှင့် ဗီယက်နမ်အသင်း ပွဲကို ညနေ ၆ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပ မည်ဖြစ်သည်။

Most Read

Most Recent