UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 16 November 2018

 

League (A) Group -1

နယ်သာလန် နှင့် ပြင်သစ် (စနေနံနက် ၂း၁၅ နာရီ)

နယ်သာလန်က သူတို့အသင်းရဲ့ ဒုတိယမြောက်အုပ်စုပွဲစဉ်မှာ ဂျာမနီအသင်းကို အိမ်ကွင်းမှာ (၃-ဝ) ဂိုးနဲ့ အနိုင်ရရှိခဲ့တယ်။ ဒီအဓိပ္ပာယ်က ပြင်သစ်အသင်းနဲ့ ပွဲအတွက် လုံလောက်တဲ့ ယုံကြည်မှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိနေတယ်လို့ ပြောနိုင်ပါတယ်။ ဂျာမနီအသင်းနဲ့ ပွဲတုန်းကလို၊ ပြင်သစ်အသင်းရဲ့ကွင်းမှာ ကစားခဲ့တုန်းကလိုပဲ ဒီပွဲမှာလည်း နယ်သာလန်အသင်းက တိုက်စစ်ဦးစားပေးပုံစံနဲ့ ချဉ်းကပ်လာနိုင်တယ်။ ပြင်သစ်အသင်းက သူတို့အသင်းရဲ့ ထုံးစံအတိုင်းပဲ ဟန်ချက်ညီဖို့ အဓိကထား တည်ဆောက်ပြီး ပေါက်ကွဲအားကောင်းတဲ့ တန်ပြန်တိုက်စစ်တွေနဲ့ နယ်သာလန်ကို ဒုက္ခပေးလိမ့်မယ်။ ကစားသမားတစ်ဦးချင်းအရည်အသွေးပိုင်းမှာ ပြင်သစ်ကို ယှဉ်နိုင်တဲ့အသင်း တော်တော်ရှားသလို၊ နယ်သာလန်လည်း ပြင်သစ်အသင်းရဲ့လူစာရင်းကို မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ စုစည်းမှုကောင်းရင် ဒုက္ခပေးနိုင်တဲ့ တစ်ဦးချင်းအရည်အသွေးတွေကို ပိုင်ဆိုင်ထားပြီး ဗန်ဒိုက်၊ ဒီပိုင်း၊ ဝိုင်နယ်လ်ဒမ်းတို့က ပြင်သစ်ကို ဒုက္ခပေးနိုင်စွမ်းရှိတဲ့ ကစားသမားတွေဖြစ်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေကို မြင်တွေ့ရ ဖို့ရှိပြီး သရေကျသွားဖို့များတယ်။ 



League (B) Group -1

ဆလိုဗက်ကီးယား နှင့် ယူကရိန်း (စနေနံနက် ၂း၁၅ နာရီ)

ယူကရိန်းအသင်းက လာမယ့်ပြိုင်ပွဲမှာ League A ကို တရားဝင်တန်းတက်ခွင့်ရပြီးသားဖြစ်ပြီး အမှတ်မလိုအပ်တော့ဘူး။ ဆလိုဗက်ကီးယားကတော့ League C ကို တန်းမဆင်းရဖို့အတွက် လက်ကျန်(၂)ပွဲမှာ အမှားလုံးဝလုပ်လို့မရတော့တဲ့  အခြေအနေပါပဲ။ ဆလိုဗက်ကီးယားအနေနဲ့ အိမ်ကွင်း(၂)ပွဲ ဆက်နိုင်ပွဲပျောက်ဆုံးမှုမျိုးတော့ အဖြစ်ခံမှာမဟုတ်ပါဘူး။ ဆလိုဗက်ကီးယားပဲ အနိုင်ရဖို့များတယ်။



League (B) Group -4

ဝေးလ်စ် နှင့် ဒိန်းမတ် (စနေနံနက် ၂း၁၅ နာရီ)

League A  ကိုတန်းတက်ခွင့်အတွက် အဓိကအဆုံးအဖြတ်ပေးမယ့်ပွဲပါပဲ။ ဒိန်းမတ်အနေနဲ့ အခုပွဲကို သရေလောက် ထိန်းကစားထားနိုင်ရင် နောက်ဆုံးပွဲမှာ မျှော်လင့်ချက်မဲ့နေမယ့် အိုင်ယာလန်နဲ့ အိမ်ကွင်းကစားရမှာဖြစ်လို့ ဖိအားမရှိလောက်တော့ဘူး။ ဒါပေမဲ့ ဒိန်းမတ်အသင်းရဲ့လက်ရှိကစားသမားစုဖွဲ့မှု က အိမ်ကွင်း၊ အဝေးကွင်းကွာဟချက်မရှိတာ ထည့်တွက်ရမယ်။ ဝေးလ်စ်အသင်းမှာ ဘေးလ်၊ ရမ်ဆေးတို့နဲ့ လူစုံနီးပါးပါပေမယ့် ဒိန်းမတ်အသင်းလောက် ဟန်ချက်မညီပါဘူး။ ဝေးလ်စ်ကွင်းဖြစ် ပေမယ့် ဒိန်းမတ် အနိုင်နဲ့သရေပါပဲ။



League (C) Group -3

ဆိုက်ပရပ်စ် နှင့် ဘူလ်ဂေးရီးယား (စနေနံနက် ၂း၁၅ နာရီ)

ပထမအကျော့ အိမ်ကွင်းပွဲမှာတောင် ဘူလ်ဂေးရီးယားအသင်း အနိုင်ရဖို့ အသည်းအသန်ကစားခဲ့ရတာပါ။ အခု ဆိုက်ပရပ်စ်ကွင်းမှာ ဘူလ်ဂေးရီးယား အနိုင်ရဖို့မလွယ်ဘူး။



League (C) Group -3

ဆလိုဗေးနီးယား နှင့် နော်ဝေ (စနေနံနက် ၂း၁၅ နာရီ)

တန်းမဆင်းရရေးလက်ကျန်မျှော်လင့်ချက်အတွက် ဆလို ဗေးနီးယား ရုန်းကန်လာနိုင်တယ်။ အိမ်ကွင်းမှာတော့ ဆလိုဗေးနီးယား မရှုံးနိုင်ဘူး။ 

Most Read

Most Recent