တောင်ကိုရီးယားနိုင်ငံရှိ တိရစ္ဆာန်ဥယျာဉ်တစ်ခုမှ ဝံပုလွေတစ်ကောင်လွတ်သွားသဖြင့် လုံခြုံရေးအရ ဒေသတွင်း စာသင်ကျောင်းတစ်ကျောင်းကိုပိတ်ထားခဲ့ကာ လွတ်နေသည့် ဝံပုလွေကို ရှာဖွေနေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
၂၀၂၄ ခု နှစ်တွင် မွေးဖွားပြီး အလေးချိန် ၃၀ ကီလိုဂရမ် ခန့်ရှိသော အဆိုပါ ဝံပုလွေထီးသည် ဆိုးလ် မြို့တော်တောင်ဘက် ကီလိုမီတာ ၁၅၀ အကွာရှိ ဒေဂျွန်မြို့ရှိ အပန်းဖြေဥယျာဉ် အ တွင်းရှိ တိရစ္ဆာန်ရုံမှ ဧပြီ ၈ ရက်တွင် လွတ်သွားခဲ့ခြင်းဖြစ်သည်။
အာဏာပိုင်များ၏ ပြောကြားချက်အရ ထိုဝံပုလွေသည် ဧပြီ ၉ ရက်အထိ လွတ်မြောက်နေဆဲဖြစ်ပြီး ဘေး ကင်းလုံခြုံရေးအတွက် အနီးအနားရှိ ကျောင်း တစ်ကျောင်းကို ပိတ်ထားရသည်။
"မနေ့က တိရစ္ဆာန်ဥယျာဉ်ကနေ ဝံပုလွေတစ်ကောင် ထွက်ပြေးလွတ်မြောက်သွားတာကြောင့် ဒေဂျွန်း ဆန်ဆောင် မူလတန်းကျောင်းကို ဒီနေ့ ပိတ်ထားပါတယ်" ဟု ဒေဂျွန်းမြို့ပညာ ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မီးသတ်သမားများ၊ ရဲအရာရှိ များနှင့် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း လူအင်အား ၃၀၀ ကျော် သည် ရှာဖွေရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြကြောင်း ဒေဂျွန်း မီးသတ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Ref:AFP















