ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဒေါက်တာသီတာဦးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ဒေါ်နိုင်သက်ဦးတို့အား ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်က သဘောတူအတည်ပြု

ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဒေါက်တာသီတာဦးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ဒေါ်နိုင်သက်ဦးတို့အား ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်က သဘောတူအတည်ပြု
Published 9 April 2026

ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဒေါက်တာသီတာဦးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ဒေါ်နိုင်သက်ဦးတို့အား ခန့်အပ်ရန် ယနေ့(ဧပြီ ၉ ရက်)တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သဘောတူအတည်ပြုခဲ့သည်။

နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံထားရသူက ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဒေါက်တာသီတာဦးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ဒေါ်နိုင်သက်ဦးတို့အား ခန့်အပ်ရန် အဆိုပြုတင်ပြထားမှုကို ဧပြီ ၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်နာယကက ကြေညာခဲ့ခြင်းဖြစ်ပြီး ယနေ့ကျင်းပသည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်ဆွေးနွေးမည့်သူမရှိသဖြင့် လွှတ်တော်ကသဘောတူကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်ရန် လွှတ်တော်ကသဘောတူခဲ့သည့် ဒေါက်တာသီတာဦးသည် ပြည်ထောင်စုဝန်ကြီး ၃၀ ဦးအမည်စာရင်းတွင်လည်းပါဝင်ထားပြီး လက်ရှိတွင်လည်း ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်ခံရသည့် ဒေါ်နိုင်သက်ဦးသည် ပြည်ထောင်စုဒုတိယစာရင်းစစ်ချုပ်တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

Most Read

Most Recent