ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဦးသန်းထွန်းဦးနှင့် အတွင်းရေးမှူးအဖြစ် ဦးသန်းထွန်းတို့ကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
ယနေ့(မတ် ၂၆ ရက်)တွင် ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
“ အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များကို စိစစ်ရေးကော်မတီမှာ ပါဝင်မယ့် အဖွဲဝင်ဦးရေ၊ အဖွဲဝင်များရဲ့ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတိုရဲ့ အမည်စာရင်း၊ ကော်မတီရဲ့တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီ အစည်းအဝေးများနဲ့စပ်လျဉ်းပြီး တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ ၂၄- ၃- ၂၀၂၆ ရက်နေ့မှာ တင်ပြခဲ့ပြီး ဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ က ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဖွဲစည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးတိုကို အတည်ပြုရန်အတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် လွှတ်တော်က သဘောတူခဲ့သည့်အတွက် လွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် ကျိုင်းတုံမဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းဦး၊ အတွင်းရေးမှူးအဖြစ် ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်း၊ အဖွဲဝင်များအဖြစ် ပဲခူးမဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းခန့်ကျော်၊ ဖောင်းပြင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း၊ ဘုတ်ပြင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လင်းလှိင်၊ ကျွန်းစုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်နှင်း၊ ကလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်၊ တမူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုလတ်၊ တောင်ငူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးဝင်း၊ ပေါင်းတည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေသင်း၊ ဗိုလ်တထောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက်၊ ဒဂုံမြိုသစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စမ်းစမ်းဌေး၊ ကျောင်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စိုးနှင့် ဒုတိယဗိုလ်မှူးကြီး လှနိုင် တိုအား တာဝန်ပေးအပ်ဖွဲ့စည်းကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ က ပြောကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက “ အစိုးရရဲ့ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနဲ့ ကော်မတီ အစည်းအဝေးတိုကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါတယ်” ဟု ပြောကြားသည်။
ကော်မတီ၏ တာဝန်များအနေဖြင့် ကော်မတီသည် ပြည်သူ့လွှတ်တော်တွင် ပြည်ထောင်စုအစိုးရအဖွဲ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲအစည်းများက အခါအားလျော်စွာ ပေးအပ်ခဲ့သည့် အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲအစည်းများက ပေးပိုခဲ့သော အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို မည်သည့်အခြေအနေအထိ ဆောင်ရွက်ပြီးကြောင်း၊ အဆိုပါ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို ပြည်ထောင်စုအစိုးရအဖွဲ အပါအဝင် ပြည်ထောင်အဆင့် အဖွဲအစည်းများက ဆောင်ရွက်ပြီးဖြစ်လျှင် ထိုသိုဆောင်ရွက်ခြင်းသည် သတ်မှတ်သည့်ကာလအတွင်း သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ပြီးစီးခြင်း ရှိ၊ မရှိနှင့် မူလသတ်မှတ်ချက်အတိုင်း ပြီးစီးခြင်း ရှိ၊ မရှိတိ့ုကို လွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။















