ဘိုဒိုဂလင့်ကို (၃)ဂိုးပြတ်ရှုံးပြီးမှ ပြန်အနိုင်ယူခဲ့တဲ့ စပို့တင်းလစ္စဘွန်းအသင်း ကွာတားဖိုင်နယ်မှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ်

ဘိုဒိုဂလင့်ကို (၃)ဂိုးပြတ်ရှုံးပြီးမှ ပြန်အနိုင်ယူခဲ့တဲ့ စပို့တင်းလစ္စဘွန်းအသင်း ကွာတားဖိုင်နယ်မှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ်
Photo: X
Photo: X
Published 18 March 2026

ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ နော်ဝေကလပ် ဘိုဒိုဂလင့်အသင်းကို (၀-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယအကျော့မှာ (၅-၀)ဂိုးနဲ့ ပြန်အနိုင်ယူခဲ့တဲ့ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းဟာ ကွာတားဖိုင်နယ်မှာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။

ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ (၃)ဂိုးနဲ့အထက် ဂိုးပြတ်ရှုံးခဲ့တဲ့အသင်း (၅)သင်းရှိခဲ့တဲ့အနက် မနေ့က ပွဲစဉ်မှာ (၃)သင်း ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

ပထမအကျော့မှာ PSG ကို (၂-၅)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချယ်လ်ဆီးအသင်းက ဒုတိယအကျော့မှာလည်း (၀-၃)ဂိုးနဲ့ ထပ်ရှုံးခဲ့သလို၊ ပထမအကျော့မှာ ရီးယဲလ်မက်ဒရစ်ကို (၀-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးကလည်း ဒုတိယအကျော့မှာ (၁-၂)ဂိုးနဲ့ ထပ်ရှုံးခဲ့ပါတယ်။

စပို့တင်းလစ္စဘွန်းကတော့ ဘိုဒိုဂလင့်ကို ပုံမှန်ပွဲကစားချိန်အတွင်း (၃-၀)ဂိုးနဲ့ ပြန်အနိုင်ယူပြီး အချိန်ပိုမှာ (၂)ဂိုးထပ်သွင်းကာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာပါ။

ကွာတားဖိုင်နယ်မှာတော့ လေဗာကူဆင်ကို နှစ်ကျော့ပေါင်း (၃-၁)ဂိုးနဲ့ အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ပထမအကျော့ကို ဧပြီ(၇၊ ၈)မှာ ပေါ်တူဂီမြေမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။

PSG နဲ့ ရီးယဲလ်မက်ဒရစ်တို့ ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေကိုတော့ ဒီနေ့ည ပွဲစဉ်တွေပြီးမှ သိရှိရမှာဖြစ်ပါတယ်။

 

Most Read

Most Recent