ပရီးမီးယားလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု(၁၀၀)ပြည့်တဲ့ တတိယမြောက်ဘရာဇီးလ်ကစားသမားအဖြစ် ရစ်ချာလီဆန် မှတ်တမ်းဝင်

ပရီးမီးယားလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု(၁၀၀)ပြည့်တဲ့ တတိယမြောက်ဘရာဇီးလ်ကစားသမားအဖြစ် ရစ်ချာလီဆန် မှတ်တမ်းဝင်
Photo: Premier League
Photo: Premier League
Published 16 March 2026

စပါးအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ရစ်ချာလီဆန်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု(၁၀၀)ပြည့်တဲ့ တတိယမြောက် ဘရာဇီးလ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ရစ်ချာလီဆန်ဟာ လီဗာပူးလ်အသင်းနဲ့ (၁-၁)ဂိုး သရေကျတဲ့ပွဲမှာ ချေပဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဒီမှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုး (၇၃)ဂိုးနဲ့ ဂိုးဖန်တီးမှု (၂၇)ဂိုး ရှိသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ရစ်ချာလီဆန်ဟာ ပရီးမီးယားလိဂ်မှာ ဝက်ဖို့ဒ်အတွက် (၅)ဂိုး၊ အဲဗာတန်အတွက် (၄၃)ဂိုး၊ စပါးအသင်းအတွက် (၂၅)ဂိုး သွင်းယူထားခြင်းဖြစ်ကြောင်း သိရပါတယ်။

ရစ်ချာလီဆန်မတိုင်ခင် ပရီးမီးယားလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု(၁၀၀)ပြည့်မြောက်ခဲ့တဲ့ ဘရာဇီးလ်ကစားသမားတွေက သွင်းဂိုး(၈၀)၊ ဖန်တီးမှု(၅၀) ပြုလုပ်ခဲ့တဲ့ လီဗာပူးလ်ကစားသမား ဖေမီနို၊ မန်စီးတီးနဲ့ အာဆင်နယ်အသင်းမှာ သွင်းဂိုး (၇၈)ဂိုး၊ ဖန်တီးမှု(၄၀) ပြုလုပ်ခဲ့တဲ့ ဂျေးဇူးတို့ ဖြစ်ပါတယ်။

ရစ်ချာလီဆန်ဟာ လီဗာပူးလ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ  (၆)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်နိုင်ခဲ့တာကြောင့် သူ့အတွက် ပရီးမီးယားလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု အများဆုံးပြုလုပ်နိုင်တဲ့ ပြိုင်ဘက်အသင်းအဖြစ် မှတ်တမ်းဝင်နေကြောင်းလည်း သိရပါတယ်။

 

Most Read

Most Recent