မွန်ပြည်နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade – 12) ပထမနေ့တွင် စာမေးပွဲဝင်ရောက်ဖြေဆိုသူပေါင်း ၁၀၅၄၂ ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ယနေ့ (မတ် ၁၁ ရက်) တက္ကသိုလ်ဝင်စာမေးပွဲ (Grade – 12) မြန်မာစာဖြေဆိုသည့်နေ့တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူ ၁၀၁၁ ဦးရှိသည့်အနက် ၉၆၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် ၄၆ ဦး ပျက်ကွက်ခဲ့ကြောင်း၊ ဘီးလင်းမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူ ၇၃၉ ဦးရှိသည့်အနက် ၇၀၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် ၃၈ ဦး ပျက်ကွက်ခဲ့ကြောင်း စာရင်းများအရ သိရသည်။
ထို့အတူ သထုံမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူ ၉၀၀ ဦးရှိသည့်အနက် ၈၅၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် ၄၁ ဦး ပျက်ကွက်ခဲ့ကြောင်းနှင့် ပေါင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူ ၈၀၄ ဦးရှိသည့်အနက် ၇၇၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် ၃၀ ဦး ပျက်ကွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မော်လမြိုင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူ ၃၀၅၂ ဦးရှိသည့်အနက် ၂၉၇၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် ၇၈ ဦး ပျက်ကွက်ခဲ့ကြောင်း၊ ချောင်းဆုံမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူ ၆၉၄ ဦးရှိသည့်အနက် ၆၇၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် ၁၇ ဦး ပျက်ကွက်ခဲ့ကြောင်း၊ အလားတူ ကျိုက်မရောမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူ ၃၃၃ ဦးရှိသည့်အနက် ၃၂၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် ၁၁ ဦး ပျက်ကွက်ခဲ့ကြောင်း၊ မုဒုံမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူ ၁၅၃၄ ဦးရှိသည့်အနက် ၁၅၀၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် ၃၃ ဦး ပျက်ကွက်ခဲ့ကြောင်း သိရသည်။
၎င်းအပြင် သံဖြူဇရပ်မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူ ၁၁၈၆ ဦးရှိသည့်အနက် ၁၁၄၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် ၄၄ ဦး ပျက်ကွက်ခဲ့ကြောင်းနှင့် ရေးမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူ ၆၈၁ ဦးရှိသည့်အနက် ၆၂၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် ၅၄ ဦး ပျက်ကွက်ခဲ့ကြောင်း စာရင်းများအရ သိရသည်။
မွန်ပြည်နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade – 12) အတွက် ကျိုက်ထိုမြို့နယ်အတွင်း စာစစ်ဌာန သုံးခု၊ ဘီးလင်းမြို့နယ်အတွင်း စာစစ်ဌာန နှစ်ခု၊ သထုံမြို့နယ်အတွင်း စာစစ်ဌာန လေးခု၊ ပေါင်မြို့နယ်အတွင်း စာစစ်ဌာန သုံးခု၊ မော်လမြိုင်မြို့နယ်အတွင်း စာစစ်ဌာန ခုနစ်ခု၊ ချောင်းဆုံမြို့နယ်အတွင်း စာစစ်ဌာန တစ်ခု၊ ကျိုက်မရောမြို့နယ်အတွင်း စာစစ်ဌာန တစ်ခု၊ မုဒုံမြို့နယ်အတွင်း စာစစ်ဌာန သုံးခု၊ သံဖြူဇရပ်မြို့နယ်အတွင်း စာစစ်ဌာန လေးခုနှင့် ရေးမြို့နယ်အတွင်း စာစစ်ဌာန နှစ်ခု ဖွင့်လှစ်ထားကြောင်းလည်း သိရသည်။















