၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပနေသည့် ကာလအတွင်း မော်တော်ယာဉ်သွားလာခွင့်များ အဆင်ပြေစေရန် စီစဉ်ထား

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပနေသည့် ကာလအတွင်း မော်တော်ယာဉ်သွားလာခွင့်များ အဆင်ပြေစေရန် စီစဉ်ထား
Published 10 March 2026

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပနေသည့် ကာလအတွင်း မော်တော်ယာဉ်သွားလာခွင့်များ အဆင်ပြေစေရန် စီစဉ်ထားကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပနေသည့် ကာလအတွင်း ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ စာမေးပွဲတာဝန်ရှိသူများ၊ ကျောင်းသားမိဘပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်မော်တော်ယာဉ် အသုံးပြုခွင့်ဆိုင်ရာ အစီအမံများဖြစ်သည့် “စာမေးပွဲတာဝန်” သို့မဟုတ် “Car Pass” ကတ်ပြားများကို ကားရှေ့မှန်တွင် ကပ်၍ အသုံးပြုခွင့်ပြုခြင်း၊ စာမေးပွဲတာဝန်ခံယာဉ်များနှင့် ကျောင်းသား ကြို/ပို့ ယာဉ်များကို စုံ/မ အက္ခရာ ခွဲခြားခြင်းမရှိဘဲ သွားလာခွင့်ပြုခြင်း၊ ပြင်ပဖြေကျောင်းသားများအနေဖြင့် မိမိတို့၏ “စာမေးပွဲဖြေဆိုခွင့် ကတ်ပြား” ပြသ၍ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ မောင်းနှင်ခြင်းတို့ကို သက်ဆိုင်ရာ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် အထွေထွေ အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ထားရှိကြောင်း သိရသည်။

Most Read

Most Recent