■ တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် အစ္စရေးနှင့် အီရန်တို့က လေကြောင်းလိုင်းများကို ပိတ်ပင်

■ တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် အစ္စရေးနှင့် အီရန်တို့က လေကြောင်းလိုင်းများကို ပိတ်ပင်
Published 28 February 2026

ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးက အီရန်ကို ကြိုတင်ကာကွယ်မှုယူသည့်အနေဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဂျေရုဆလင်မြို့တွင် လေကြောင်းရန်သတိပေး ဥဩသံများ ထွက်ပေါ်လာခဲ့ကာ အရပ်ဘက် လေကြောင်းလိုင်းများ ပျံသန်းမှုကို ပိတ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

လုံခြုံရေးဆိုင်ရာ နောက်ဆုံးရသတင်းများအရ အစ္စရေး အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူးအား အစ္စရေးနိုင်ငံ၏ လေပိုင်နက်အတွင်း အရပ်ဘက်လေယာဉ်များ ပျံသန်းခြင်းကို တားမြစ်ပိတ်ပင်ရန် အမိန့်ပေးလိုက်ပြီဖြစ်ကြောင်း အစ္စရေး ပို့ဆောင်ရေးဝန်ကြီးဝန်ကြီး မီရီရီဂက်ဗ် (Miri Regev) က ထုတ်ပြန်ကြေညာခဲ့သည်။

ထို့အတူ အီရန်နိုင်ငံကလည်း နောက်ထပ်ကြေညာချက်မထုတ်ပြန်မီအချိန်အထိ ၎င်း၏ လေပိုင်နက်ကို ပိတ်ပင်ထားကြောင်း အီရန် အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က ကြေညာခဲ့သည်။

Ref: AFP

 

Most Read

Most Recent