အစ္စရေးနိုင်ငံသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်နိုင်ငံအပေါ် ကြိုတင်ကာကွယ်မှုယူ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ယင်းလုပ်ရပ်သည် အရှေ့အလယ်ပိုင်းဒေသကို နောက်ထပ်တစ်ကြိမ် စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုထံ တွန်းပို့လိုက်ပြီး အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်ပြီး အနောက်အုပ်စုနှင့် ဖြစ်ပွားနေသော အငြင်းပွားမှုကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည့် မျှော်လင့်ချက်များအား ပိုမိုမှေးမှိန်သွားစေခဲ့သည်။
ယခုတိုက်ခိုက်မှုသည် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားခဲ့သည့် ၁၂ ရက်ကြာစစ်ပွဲအပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
အီရန်အနေဖြင့် ၎င်း၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များကို ဆက်လက်လုပ်ဆောင်နေပါက ထပ်မံတိုက်ခိုက်မည်ဟု အမေရိကန်နှင့် အစ္စရေးတို့က ထပ်တလဲလဲ သတိပေးခဲ့ပြီးနောက် အစ္စရေးက ယခုကဲ့သို့ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
Ref: Geo News
ပုံစာ- အီရန်နိုင်ငံ တီဟီရန်မြို့ကောင်းကင်ယံတွင် ပေါက်ကွဲမှုများဖြစ်ပွားပြီး မီးခိုးများထွက်လာပုံကို တွေ့ရစဉ် (AFP)









