■ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်နှင့် ထိုင်းသံအမတ်သစ် တွေ့ဆုံပြီး ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေး

■ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်နှင့် ထိုင်းသံအမတ်သစ် တွေ့ဆုံပြီး ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေး
Published 25 February 2026

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်နှင့် ထိုင်းသံအမတ်သစ် တွေ့ဆုံပြီး ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားရေးရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

ဖေဖော်ဝါရီ ၂၄ ရက်က ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ကနေဒါနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သူ H.E Mr. Darm Boontham အား အော်တာဝါမြို့ရှိ မြန်မာသံရုံး၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံသံအမတ်ကြီးများသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်သော အိမ်နီးချင်းကောင်း ဆက်ဆံရေးနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားရေးရာကိစ္စရပ်များ အပါအဝင် ပြည်သူအချင်းချင်း ဆက်သွယ်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ အိမ်ရှင် ကနေဒါနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးက မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီစနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပပြီးစီးမှုအခြေအနေများ၊ လွှတ်တော်သစ် စတင်နိုင်ရေးနှင့် ဒီမိုကရေစီအစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ အသိပေးပြောကြားခဲ့‌ကြောင်း သိရသည်။

 

Most Read

Most Recent