ပရီးမီးယားလိဂ်ပွဲစဉ်(၂၆) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၂၆) ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 11 February 2026

အက်စတွန်ဗီလာ - ဘရိုက်တန် (ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၂းဝ၀ နာရီ)

အက်စတွန်ဗီလာအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆု မျှော်လင့်နိုင်တဲ့အနေအထားအထိ ရောက်ခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ ရလဒ်တွေ ပြန်ကျဆင်းလာပါတယ်။ ပရီးမီးယားလိဂ်နောက်ဆုံး(၅)ပွဲမှာ နိုင်ပွဲတစ်ပွဲသာ ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်ရမယ့်အခြေအနေ ဖြစ်လာခဲ့ပါတယ်။ ဘရိုက်တန်ကလည်း ပရီးမီးယားလိဂ်နောက်ဆုံး(၁၂)ပွဲမှာ နိုင်ပွဲတစ်ပွဲသာ ရရှိထားတဲ့အသင်းပါ။ အိမ်ကွင်းမှာ အက်စတွန်ဗီလာအသင်း နိုင်ပွဲပြန်ယူနိုင်မှာပါ။

မန်စီးတီး - ဖူလ်ဟမ် (ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၂းဝ၀ နာရီ)

အာဆင်နယ်နဲ့ ချန်ပီယံဆု အပြိုင်လုရမယ့် အနေအထားမှာ မန်စီးတီးအသင်းက (၆)မှတ်အကွာနဲ့ နောက်ကလိုက်နေရတာကြောင့် လာမယ့်ပွဲတွေမှာ အမှားအယွင်းနည်းဖို့ လိုအပ်နေပါတယ်။ ပွဲကျပ်တွေဖြတ်သန်းခဲ့ရချိန်မှာ အသင်းရဲ့ ခြေစွမ်းရော စိတ်ဓာတ်ပိုင်းပါ မြင့်တက်လာတာတော့ တွေ့ရပါတယ်။ ဖူလ်ဟမ်ကလည်း နောက်ဆုံးနှစ်ပွဲဆက် ရှုံးထားပေမဲ့ ခြေစွမ်းပိုင်းကောင်းမွန်တာကြောင့် လျှော့တွက်လို့တော့ မရပါဘူး။ ဒါပေမဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ နောက်ဆုံး(၁၉)ပွဲဆက်တိုက် မန်စီးတီးအသင်း အနိုင်ရထားသလို၊ အိမ်ကွင်းလည်းဖြစ်တာကြောင့် မန်စီးတီးအသင်း နိုင်ပွဲဆက်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။

ဆန်းဒါးလန်း - လီဗာပူးလ် (ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၂း၄၅ နာရီ)

ဆန်းဒါးလန်းက ပရီးမီးယားလိဂ်မှာ အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသောအသင်းဖြစ်တာကြောင့် လီဗာပူးလ်အသင်းအတွက် ခက်ခဲတဲ့ စိန်ခေါ်မှု ဖြစ်လာဦးမှာပါ။ လီဗာပူးလ်အသင်းရဲ့ ဒီရာသီ ပရီးမီးယားလိဂ်အဝေးကွင်းမှတ်တမ်းကလည်း သိပ်မကောင်းဘဲ နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ထားပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လီဗာပူးလ်အသင်း အမှတ်လိုနေပေမဲ့ ဆန်းဒါးလန်းကွင်းမှာတော့ နိုင်ပွဲရယူနိုင်မယ် မထင်ပါဘူး။

အခြားပွဲများ

*ခရစ္စတယ်ပဲလေ့စ် - ဘန်လေ

* နော်တင်ဟမ်ဖောရက်စ် - ဝုလ်ဗ်

Most Read

Most Recent