■ မြန်မာနိုင်ငံ ကော်ဖီအသင်းနှင့် Gusto တို့ပူး‌ပေါင်း ကူညီပံ့ပိုးထားသည့် Coffee Mania Festival Myanmar × PCA Coffee Competition 2026 အား ရန်ကုန်မြို့ ဝန်ကြီးများရုံးတွင် ကျင်းပ

■ မြန်မာနိုင်ငံ ကော်ဖီအသင်းနှင့် Gusto တို့ပူး‌ပေါင်း ကူညီပံ့ပိုးထားသည့် Coffee Mania Festival Myanmar × PCA Coffee Competition 2026 အား ရန်ကုန်မြို့ ဝန်ကြီးများရုံးတွင် ကျင်းပ
Published 6 February 2026

မြန်မာနိုင်ငံ ကော်ဖီအသင်းနှင့် Gusto တို့ပူး‌ပေါင်း ကူညီပံ့ပိုးထားသည့် Coffee Mania Festival Myanmar × PCA Coffee Competition 2026 အား ရန်ကုန်မြို့ ဝန်ကြီးများရုံးတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါပွဲကြီးအား၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက် မှ (၈)ရက်နေ့အထိ သုံးရက်တိုင် ရန်ကုန်မြို့ ဝန်ကြီးများရုံးရှိ Yangon Speciality Coffee Hub တွင် ကို ပြုလုပ်ကျင်းပ‌နေခြင်း ဖြစ်သည်။ အဆိုပါပွဲကြီးကို Myanmar Coffee Association (MCA) နှင့် Gusto တို့က ပူးပေါင်း၍ Diamond Sponsor အဖြစ် အထူးပါဝင်ပံ့ပိုးကူညီပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

Gusto အနေဖြင့် Myanmar Coffee Association (MCA) မှတဆင့် မြန်မာ့ကော်ဖီ Industry (Downstream ကဏ္ဍ) တိုးတက်ရေးအတွက် ၂၀၂၆ ခုနှစ်အတွင်း ပံ့ပိုးဆောင်ရွက်ပေးရန် နားလည်မှုစာချွန်လွှာ (MOU)ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၉)ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြပြီး၊ ထိုပံ့ပိုးမှု၏ တစိတ်တဒေသအဖြစ် ယခုပွဲကို ပါဝင်ပံ့ပိုးကူညီခြင်းဖြစ်‌ကြောင်း သိရသည်။

Coffee Mania Festival Myanmar ပွဲကြီးတွင် အဆိုတော် အားတီ နှင့် အဆိုတော် ဘန်နီဖြိုး တို့၏ သီဆိုဖျော်ဖြေမှုနဲ့ အတူ ကော်ဖီပြိုင်ပွဲ (Roasting, Mixology, Latte Art, Brewing)များ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ကော်ဖီပြိုင်ပွဲဝင်များ၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ performance များကို မြင်တွေ့ရမည်ဖြစ်ကာ ကော်ဖီကြိုက်နှစ်သက်ကြသည့် ကော်ဖီချစ်သူ များအတွက်လည်း ဒေသထွက် ကော်ဖီအမျိုးအစားပေါင်းများစွာ၏ အရသာကိုမြည်းစမ်း ခံစားနိုင်မည်ဖြစ်သည်။

ပွဲကာလအတွင်း Gusto အနေဖြင့် Booth (1) နှင့် (2) တွင် ပါဝင်ပြသ ရောင်းချ‌‌နေပြီးBooth တွင်Scoop Game၊ Spinning Wheel နှင့် Matching Game Activities များအပြင် အထူးပရိုမိုးရှင်းဖြင့် ရောင်းချပေးသော Gusto Premium Cookies & Cake Products များကို ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။

Coffee Mania Festival ပွဲကြီးတွင် Gusto နှင့်အတူ ကော်ဖီ ဆိုင်ခန်းပေါင်းများစွာလည်း ပါဝင်မှာဖြစ်ပြီး မိမိစိတ်ကြိုက် ကော်ဖီနဲ့အတူ တွဲဖက်သုံးဆောင်ဖို့ လိုက်ဖက်တဲ့ Gusto Premium Cookies အတွဲအစပ်များကိုလည်း ကော်ဖီချစ်သူတို့အတွက် Gusto က အကြံဉာဏ် ပေးသွားမည့် အစီအရင်များလည်း ပါဝင်မည် ဖြစ်သည်။

ယင်းပြင် Gusto နဲ့ ကော်ဖီဆိုင်များ Brand Collaboration ပြုလုပ်ခြင်းအစီအစဉ်အဖြစ် Gusto Premium Cookies များကို မိတ်ဖက်ကော်ဖီဆိုင်များမှာပဲရရှိနိုင်မယ့် အထူးဈေးနှုန်း (Exclusive Price)များနှင့် ရောင်းချခြင်း၊ မိတ်ဖက်ကော်ဖီဆိုင်များတွင် ကော်ဖီသောက်ရင်း Gusto Premium Cookies လက်ဆောင်ရရှိနိုင်မည့် Promotion များအကြောင်း မိတ်ဆက်ပေးမည့် အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent