■ ရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်သည့် မြို့နယ်များ၌ မဲပေးမှုများ ပြီးဆုံး၍ မဲရုံများစတင်ပိတ်သိမ်း
၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေး ကောက်ပွဲအပိုင်း(၂)ကို မြို့နယ် ၁၀ဝ ၌ ယနေ့(ဇန်နဝါ ၁၁ ရက်) နံနက် ၆ နာရီမှစတင်၍ မဲရုံများဖွင့်လှစ်ပြီး မဲဆန္ဒရှင်များက ဆန္ဒမဲပေးမှုများပြုလုပ်ခဲ့ရာ ညနေ ၄ နာရီမှစတင်၍ မဲရုံများကို ပိတ်သိမ်းပြီဖြစ်သညိ။
ရွေးကောက်ပွဲအပိုင်း(၁)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုအပိုင်း(၂) ကို မြို့နယ် ၁၀ဝ ၌ ဆက်လက်ကျင်းပခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲအပိုင်း(၂)ကျင်းပခဲ့သည့် မြို့နယ် ၁၀ဝ မှာ ကချင်ပြည်နယ်တွင် သုံးမြို့နယ်၊ကယားပြည်နယ်တွင် နှစ်မြို့နယ်၊ ကရင် ပြည်နယ်တွင် နှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၁ မြို့နယ် တနင်္သာရီတိုင်းဒေသကြီးတွင် သုံးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး တွင်၁၂ မြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် ၁၁ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင်ကိုးမြို့နယ်၊ မွန်ပြည်နယ်တွင် ငါးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၆ မြိုနယ်၊ ရှမ်းပြည်နယ်တွင်၁၇ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးကိုးမြို့နယ်ဖြစ်သည်။
အဆိုပါရွေးကောက်ပွဲကျင်းပသည့်မြို့နယ်များတွင် မဲဆန္ဒရှင်ပြည်သူများသည် တန်းစီစောင့်ဆိုင်းမဲပေးသည့် နေရာဒေသ များရှိသကဲ့သို ညနေပိုင်းမဲရုံပိတ်ချိန်အထိ ပုံမှန်အတိုင်း လာရောက်မဲပေးခဲ့သည့်နေရာ များလည်းရှိခဲ့သည်။
"ပထမဆုံးကတော့ မဲပေးစက်နဲ့ပေးခဲ့ ရတာအတွေ့အကြုံသစ်ရပါတယ်။ စက်ခ လုပ်နှိပ်တာဆိုတော့ အချိန်မကုန်ဘူး။ ကိုယ် ပေးခဲ့တာတော့ ပယ်မဲဖြစ်မသွားဘူး။ ဘာ ကြောင့်မဲလာပေးရသလဲဆိုတော့ နိုင်ငံရဲ့ အ ရွေ့ပေါ့။ ဖြစ်ပြီးခဲ့တာတွေပြောနေလို လည်း ပြီးမှာမဟုတ်ဘူး။ အခုဖြစ်နေတယ်အခြေ အနေတွေ၊ မြေပြင်မှာကျွန်တော်တိုပြည်သူ တွေကြုံနေရတဲ့အခက်အခဲတွေပေါ့။ ဒါ တွေ က လွှတ်တော်ပေါ်လာရင် ပြည်သူတွေ အ တွက် တစ်စုံတစ်ရာ အားကိုးအားထားဖြစ် မယ်လိုယူဆတယ်။ ဒီအချိန်မှာ ဘယ်ကိုယ် စားလှယ်ကို ရွေးတာမရွေးတာထက် ရွေး ကောက်ပွဲကြီးပြီးလို လွှတ်တော်တစ်ရပ်ပေါ် လာဖိုကို မျှော်လင့်လိုမဲလာပေးတာပါ။ ကျွန် တော်တိုက ပြည်တွင်းမှာနေနေတာ ကျွန် တော်တို အခက်အခဲတွေ ကျွန်တော်တိုပဲသိ တယ်"ဟု ရွေးကောက်ပွဲအပိုင်း(၂)တွင် မဲပေးခဲ့သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် နေထိုင်သည့်
မဲဆန္ဒရှင်တစ်ဦးက ပြောကြားသည်။
ရွေးကောက်ပွဲအပိုင်း(၂)ကျင်းပသည့် ယနေ့တွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လသာ၊ လှိုင်နှင့် အင်းစိန်မြို့နယ်များသို သွား ရောက်၍မဲရုံအချိုတွင် ပြည်သူများ မဲပေးနေ မှုကို လိုက်လံကြည်ရှုမှုများ ပြုလုပ်ခဲ့သည်။
၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေး ကောက်ပွဲကို မြို့နယ် ၃၃၀ အနက် ၂၆၅ မြို့နယ်တွင် ကျင်းပခြင်းဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း(၁)တွင် ၁၀၂ မြို့နယ်နှင့် အပိုင်း(၂)တွင် မြို့နယ် ၁၀ဝ ကျင်းပခဲ့ခြင်းဖြစ်ကာ ကျန် ၆၃ မြို့နယ်တွင် ဇန်နဝါရီ ၂၅ ရက်တွင် ရွေး ကောက်ပွဲအပိုင်း(၃)ဖြင့်ကျင်းပမည်ဖြစ်ပြီး ၆၅ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပခြင်း ပြုမည်မဟုတ်ပေ။
■ ပုံစာ- ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် အလက(၄)ကျောင်းတွင် ဖွင့်လှစ်ထားသည့် မဲရုံများ ပိတ်သိမ်းနေမှုအားတွေ့ရစဉ်။















