စပိန်စူပါဖလားဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

စပိန်စူပါဖလားဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 7 January 2026

ဘာစီလိုနာ - ဘီလ်ဘာအို (ဒီဇင်ဘာ ၈ ရက်နေ့ နံနက် ၁း၃၀ နာရီ)

၂၀၂၆ စပိန်စူပါဖလားပြိုင်ပွဲကို ဆော်ဒီနိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး ပထမဆီမီးဖိုင်နယ်မှာ ဘာစီလိုနာနဲ့ ဘီလ်ဘာအို၊ ဒုတိယဆီမီးဖိုင်နယ်မှာ အက်သလက်တီကိုနဲ့ ရီးယဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင်ရမှာပါ။ ဘာစီလိုနာ - ဘီလ်ဘာအိုပွဲကို ဒီည ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး မက်ဒရစ်ဒါဘီပွဲကတော့ မနက်ဖြန်ညမှ ယှဉ်ပြိုင်ကစားမှာပါ။ ဘာစီလိုနာအသင်းက စပိန်စူပါဖလားရဲ့ အအောင်မြင်ဆုံးလည်းဖြစ်၊ လက်ရှိချန်ပီယံလည်းဖြစ်သလို၊ ဒီနှစ်လည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ ပြိုင်ပွဲစုံမှာ (၈)ပွဲဆက် အနိုင်ရထားတာကြောင့်လည်း အခုလို ရေပန်းစားနေတာလို့ ဆိုနိုင်ပါတယ်။ ဘီလ်ဘာအိုရဲ့ လတ်တလောခြေစွမ်းကလည်း သိပ်မကောင်းတာကြောင့် ဘာစီလိုနာအသင်း ဂိုးပြတ်အနိုင်ရဖို့ အလားအလာများပါတယ်။

Most Read

Most Recent