ပရီးမီးယားလိဂ်ပွဲစဉ်(၂၁) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၂၁) ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 7 January 2026

ဘုန်းမောက် - စပါး (ဇန်နဝါရီ ၈ ရက်နေ့ နံနက် ၂းဝ၀ နာရီ)

ဘုန်းမောက်က နောက်ဆုံး(၁၁)ပွဲဆက် နိုင်ပွဲပျောက်ထားပေမဲ့ မာကျောတဲ့အသင်းတစ်သင်းဖြစ်ပြီး အသင်းကြီးတွေကို ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ ချယ်လ်ဆီးကို နှစ်ကျော့စလုံး သရေကစားခဲ့သလို၊ မန်ယူကိုလည်း သရေကစားခဲ့ပါတယ်။ စပါးရဲ့ အဝေးကွင်းစွမ်းဆောင်ရည်ကလည်း အားရစရာမကောင်းတာကြောင့် ဒီပွဲမှာ ဘုန်းမောက်အသင်း နိုင်ပွဲပြန်ရှာတွေ့သွားနိုင်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် - အက်စတွန်ဗီလာ (ဇန်နဝါရီ ၈ ရက်နေ့ နံနက် ၂းဝ၀ နာရီ)

အက်စတွန်ဗီလာက အာဆင်နယ်ကို အရှုံးပေးခဲ့ရပေမဲ့ ယိမ်းယိုင်သွားခဲ့ခြင်းမရှိဘဲ လမ်းကြောင်းမှန်ပေါ် ဆက်ပြီးလျှောက်လှမ်းနိုင်ခဲ့ပါတယ်။ ပဲလေ့စ်ကတော့ နောက်ဆုံး(၇)ပွဲဆက် နိုင်ပွဲပျောက်ပြီး ပြန်တည့်မတ်ဖို့ ခက်နေပါတယ်။ ဒါပေမဲ့ ထိပ်တိုက်ဆုံတွေ့မှုမှာ အခုနောက်ပိုင်း ပဲလေ့စ်က အသာစီးရရှိထားတာကိုတော့ သတိပြုရမှာပါ။ ပဲလေ့စ်ကွင်းမှာ အက်စတွန်ဗီလာ အမှတ်လျော့သွားနိုင်ပါတယ်။

ဖူလ်ဟမ် - ချယ်လ်ဆီး (ဇန်နဝါရီ ၈ ရက်နေ့ နံနက် ၂းဝ၀ နာရီ)

ချယ်လ်ဆီးအသင်းက လီယမ်ရိုစီနီယာကို နည်းပြသစ်အဖြစ် ခန့်အပ်ထားပြီးဖြစ်ပေမဲ့ ဒီပွဲမှာတော့ ယာယီနည်းပြ မက်ဖာလိန်းကပဲ ကိုင်တွယ်သွားဦးမှာပါ။ လီဗာပူးလ်ကို သရေကစားထားတဲ့ ဖူလ်ဟမ်က ချယ်လ်ဆီးအတွက် ခက်ခဲတဲ့ပြိုင်ဘက် ဖြစ်နေဦးမှာပါ။ အမှတ်ခွဲယူရမယ့်ပွဲလို့ ထင်ပါတယ်။

မန်စီးတီး - ဘရိုက်တန် (ဇန်နဝါရီ ၈ ရက်နေ့ နံနက် ၂းဝ၀ နာရီ)

နှစ်ပွဲဆက်အမှတ်လျော့ပြီး အာဆင်နယ်နဲ့ (၆)မှတ်ပြတ်သွားတဲ့ မန်စီးတီးအသင်းအတွက် မှားယွင်းခွင့်သိပ်မရှိတော့တဲ့ အခြေအနေ ဖြစ်နေပြီလို့ ဆိုရမှာပါ။ မန်စီးတီး ခံစစ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေ ရှိနေတာကြောင့် ဘရိုက်တန်ရဲ့ ဖိအားပေးမှုကို ရင်ဆိုင်ရနိုင်ခြေရှိနေပါတယ်။ မန်စီးတီးအသင်း ကပ်နိုင်ရုံပဲ ဖြစ်ပါလိမ့်မယ်။

ဘန်လေ - မန်ယူ (ဇန်နဝါရီ ၈ ရက်နေ့ နံနက် ၂း၄၅ နာရီ)

ယာယီနည်းပြ ဖလက်ချာရဲ့ အစွမ်းအစကို စောင့်ကြည့်ရမယ့်ပွဲဖြစ်ပြီး အဆင့်(၁၉)ရောက်နေတဲ့ ဘန်လေအသင်းရဲ့ ကျဆင်းနေမှုကြောင့် ဖိအားတော့ လျော့နိုင်ပါတယ်။ ဘန်လေက နောက်ဆုံး(၁၁)ပွဲမှာ (၉)ပွဲရှုံး၊ (၂)ပွဲသရေကျထားတာပါ။ မန်ယူအသင်း အနိုင်သေချာပါတယ်။

အခြားပွဲများ

*ဘရန့်ဖို့ဒ် - ဆန်းဒါးလန်း

*အဲဗာတန် - ဝုလ်ဗ်

*နယူးကာဆယ် - လိဒ်စ်

 

Most Read

Most Recent