နှစ်သစ်ကူးရုံးပိတ်ရက်များအတွက် အစားထိုးရုံးတက်ရက်အဖြစ် ဇန်နဝါရီ ၁၀ ရက်(စနေနေ့) တွင် ဘဏ်များအားလုံးဖွင့်မည်

နှစ်သစ်ကူးရုံးပိတ်ရက်များအတွက် အစားထိုးရုံးတက်ရက်အဖြစ် ဇန်နဝါရီ ၁၀ ရက်(စနေနေ့) တွင် ဘဏ်များအားလုံးဖွင့်မည်
Published 2 January 2026

နှစ်သစ်ကူးရုံးပိတ်ရက်များအတွက် အစားထိုးရုံးတက်ရက်အဖြစ် ဇန်နဝါရီ ၁၀ ရက်(စနေနေ့) တွင် ဘဏ်များအားလုံးဖွင့်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

အစိုးရအနေဖြင့် အများပြည်သူနှင့် နိုင်ငံ့ ဝန်ထမ်းများခရီးသွားလာမှု လွယ်ကူစေရန်၊ ရက်ရှည်အနားယူ အပန်းဖြေနိုင်စေရန် ရည် ရွယ်ချက်ဖြင့် ရုံးပိတ်ရက်ရှည်များကို ပြုလုပ် ပေးခဲ့ပြီး ယင်းပိတ်ရက်အတွက် အနီးဆုံး စနေနေ့ တရက်ကို အစားထိုး ရုံးတက်ရက် အဖြစ် သတ်မှတ်ပေးခဲ့ရာ ဒီဇင်ဘာ ၂၆ ရက် နေ့ကို ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့)၊ ၂၇ ရက် (စနေနေ့) နှင့် ၂၈ ရက် (တနင်္ဂနွေနေ့) တို့ကြား ရောက်ရှိနေသောကြောင့် တဆက် တည်း ပိတ်ပေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ထုတ်ပြန်သည်။

သို့သော် ထိုပိတ်ရက်အတွက် အစားထိုး ရုံးတက်ရက်အဖြစ် ဇန်နဝါရီ ၁၀ ရက် (စနေ နေ့) အဖြစ် ပြင်ဆင်သတ်မှတ်ထားပြီး ယင်းနေ့ ၌ အစိုးရ၊ ပုဂ္ဂလိကဘဏ်များ အားလုံးကိုလည်း ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း၊ ယင်း ကြောင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုကို ရယူလို သူများအနေဖြင့် အဆိုပါနေ့တွင်လည်း ရယူ နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟို ဘဏ်က ထုတ်ပြန်ထားသည်။

Most Read

Most Recent