ဆန်းဒါးလန်းနဲ့ သရေကျခဲ့ပေမဲ့ ရိုဒရီရဲ့ ခြေစွမ်းကို ဂွါဒီယိုလာ ချီးကျူး

ဆန်းဒါးလန်းနဲ့ သရေကျခဲ့ပေမဲ့ ရိုဒရီရဲ့ ခြေစွမ်းကို ဂွါဒီယိုလာ ချီးကျူး
Photo: X
Photo: X
Published 2 January 2026

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဆန်းဒါးလန်းနဲ့ပွဲမှာ သရေကျပြီး အမှတ်လျော့ခဲ့ပေမဲ့ စပိန်ကွင်းလယ်ကစားသမား ရိုဒရီရဲ့ခြေစွမ်းကို ချီးကျူးခဲ့ပြီး ရိုဒရီဟာ ပွဲကို ပြောင်းလဲပစ်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၉)မှာ ဆန်းဒါးလန်းနဲ့ မန်စီးတီးတို့ ဂိုးမရှိသရေကျခဲ့ပြီး ဆန်းဒါးလန်းအသင်းက ဒီရာသီ အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ရိုဒရီက ဒုတိယပိုင်းရောက်မှ ဝင်ကစားခဲ့တာဖြစ်ပြီး ရိုဒရီဝင်လာမှ အသင်းရဲ့ ရုန်းကန်ရမှု လျော့ကျသွားခဲ့ကြောင်း ဂွါဒီယိုလာက ဆိုခဲ့ပါတယ်။

''သူက ပွဲကို ပြောင်းလဲပစ်ခဲ့ပါတယ်။ သူကစားတဲ့နေရာမှာ သူဟာ အကောင်းဆုံးကစားသမားဖြစ်ကြောင်း (၄၅)မိနစ်အတွင်းမှာ သက်သေပြခဲ့ပါတယ်။ ကစားကွက်တည်ဆောက်တဲ့နေရာမှာ ကျွန်တော်တို့ ရုန်းကန်ခဲ့ရပြီး ရိုဒရီက လျော့ကျသွားစေခဲ့ပါတယ်။ ကျွန်တော်တို့ တစ်နှစ်ခွဲလောက် သူ့ကို ဆုံးရှုံံးထားခဲ့ရပြီး သူ့ကို အများကြီးလွမ်းခဲ့ရပါတယ်။ သူ ကြံ့ခိုင်မှုပြည့်ဝနေဖို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အသင်းကို ပိုကောင်းစေတာကြောင့်ပါ'' လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာက ဆန်းဒါးလန်းကွင်းဟာ ခက်ခဲတဲ့နေရာဖြစ်တာကြောင့် အမှတ်လျော့ခဲ့ရပေမဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အတွက် အလွန်ဂုဏ်ယူကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Most Read

Most Recent