ခရစ္စတယ်ပဲလေ့စ်နဲ့ စပါးအသင်းတို့ဟာ ဝေးလ်စ်လက်ရွေးစင် တောင်ပံကစားသမား ဘရန်နန်ဂျွန်ဆင်ရဲ့ ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
စပါးအသင်းက ၂၀၂၃ နွေရာသီမှာ နော်တင်ဟမ်ဖောရက်စ်ကနေ ပေါင်(၄၇.၅)သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဘရန်နန်ဂျွန်ဆင်ကို ခရစ္စတယ်ပဲလေ့စ်အသင်းဆီ ပေါင်(၃၅)သန်းနဲ့ ရောင်းထုတ်ဖို့ အသင်းနှစ်သင်းကြား သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါပေမဲ့ ကာယကံရှင်ဖြစ်တဲ့ ဘရန်နန်ဂျွန်ဆင်ကတော့ ခရစ္စတယ်ပဲလေ့စ်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ရခြင်းမရှိသေးကြောင်း သိရပါတယ်။
ဂါနာတောင်ပံကစားသမား ဆယ်မီညိုကို မန်စီးတီးအသင်းဆီ လက်လွှတ်ရဖွယ်ရှိနေတဲ့ ဘုန်းမောက်အသင်းကလည်း ဘရန်နန်ဂျွန်ဆင်ကို ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။
စပါးနည်းပြ သောမတ်စ်ဖရန့်ခ်ကတော့ ဘရန်နန်ဂျွန်ဆင်ဟာ ပရော်ဖက်ရှင်နယ်ပီသသူဖြစ်ပြီး ဇန်နဝါရီ(၁)ရက်မှာ ယှဉ်ပြိုင်ရမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ အသင်းအတွက် ပါဝင်ကစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။















