အန်နရီကေးနဲ့ ဂွါဒီယိုလာတို့က ဘောလုံးဒဿနချင်း တူညီတဲ့နည်းပြတွေဖြစ်တယ်လို့ ဗီတင်ညာ ပြောကြား

အန်နရီကေးနဲ့ ဂွါဒီယိုလာတို့က ဘောလုံးဒဿနချင်း တူညီတဲ့နည်းပြတွေဖြစ်တယ်လို့ ဗီတင်ညာ ပြောကြား
Photo: X
Photo: X
Published 29 December 2025

PSG အသင်းရဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ဗီတင်ညာက PSG နည်းပြ အန်နရီကေးနဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာတို့ဟာ ဘောလုံးဒဿနချင်း တူညီတဲ့နည်းပြတွေဖြစ်တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

ဗီတင်ညာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် ဂွါဒီယိုလာက မန်စီးတီးအသင်းကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သတင်းထွက်ခဲ့ဖူးပါတယ်။

ဗီတင်ညာဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ပေါ်တူဂီမီဒီယာတွေက ချီးမြှင့်တဲ့ အကောင်းဆုံးဆုတွေကို ရရှိခဲ့သလို၊ မနေ့က ကျင်းပတဲ့ Globe Soccer Awards ဆုပေးပွဲမှာလည်း အကောင်းဆုံးကွင်းလယ်ကစားသမားဆု ရရှိခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်လာတဲ့အတွက် မေးမြန်းခဲ့ရာမှာ ဗီတင်ညာက ''ကျွန်တော် ရှိနေတဲ့နေရာမှာ အရမ်းပျော်ရွှင်နေပါတယ်။ သဘောလည်းကျပါတယ်။ ပြီးတော့ PSG အသင်းနဲ့၊ လူးဝစ်အန်နရီကေးနဲ့ လေ့ကျင့်ရတာကိုလည်း သဘောကျပါတယ်။ နောက်နည်းပြတစ်ယောက်ကို ရွေးရရင်တော့ ဂွါဒီယိုလာပါ။ သူ့ကစားဟန်က လူးဝစ်အန်နရီကေးနဲ့  တော်တော်လေးတူတယ်လို့ ထင်ပါတယ်။ ဘောလုံးဒဿနာချင်းလည်း တူပါတယ်။ ဒါကြောင့် သူ ဦးဆောင်ရင်လည်း ဒီအတိုင်းပဲ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒီမှာ အရမ်းပျော်နေပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။

ဗီတင်ညာ(၂၅ နှစ်)ဟာ PSG အသင်းနဲ့ ၂၀၂၉ အထိ စာချုပ်ချုပ်ဆိုထားပြီး ယူရိုသန်း(၉၀)တန် လျော်ကြေးစာချုပ်ရှိနေကြောင်းလည်း သတင်းထွက်နေပါတယ်။

Most Read

Most Recent