ဘာစီလိုနာပရိသတ်တွေ ရောင်းထုတ်စေလိုဆုံး ကစားသမားအဖြစ် ဒီယွန်းရပ်တည်

ဘာစီလိုနာပရိသတ်တွေ ရောင်းထုတ်စေလိုဆုံး ကစားသမားအဖြစ် ဒီယွန်းရပ်တည်
Photo: X
Photo: X
Published 29 December 2025

ဘာစီလိုနာအသင်းရဲ့ နယ်သာလန်ကွင်းလယ်ကစားသမား ဒီယွန်းဟာ အသင်းပရိသတ်တွေရဲ့ ရောင်းထုတ်စေလိုဆုံးကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

စပိန်သတင်းစာ Mundo Deportivo က ၂၀၂၆ နွေရာသီမှာ ဘယ်ကစားသမားကို ရောင်းထုတ်စေချင်သလဲဆိုတာ ဘာစီလိုနာပရိသတ် (၃၀၀)ထံက စစ်တမ်းကောက်ယူခဲ့ရာမှာ ဒီယွန်းကို ရွေးချယ်သူ အများဆုံးဖြစ်ခဲ့ကြောင်း သိရပါတယ်။

ဒီယွန်းက ဆန္ဒမဲ (၃၇.၃)ရာခိုင်နှုန်းရရှိခဲ့ပြီး ဥရုဂွေးနောက်ခံလူ အာရူဟိုက (၃၂.၃)ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံးဖြစ်ခဲ့ပါတယ်။

၂၀၁၉ နွေရာသီမှာ အေဂျက်စ်ကနေ ဘာစီလိုနာကို ယူရို(၇၅)သန်းနဲ့  ပြောင်းရွှေ့လာခဲ့တဲ့ ဒီယွန်းဟာ ဘာစီလိုနာအသင်းကနေ ရောင်းထုတ်ခံရဖို့ အကြိမ်ကြိမ်သတင်းထွက်ခဲ့ဖူးသူဖြစ်ပြီး အာရူဟိုကလည်း ဘာစီလိုနာအသင်း ရောင်းထုတ်လိုတဲ့ ကစားသမားစာရင်းမှာ ပါဝင်နေသူဖြစ်ကြောင်း သိရပါတယ်။

အဲဒီစစ်တမ်းကောက်ယူမှုမှာ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးကို စာချုပ်သက်တမ်းမတိုးဖို့ ဆန္ဒရှိသူက (၅၉.၃)ရာခိုင်နှုန်းရှိခဲ့ပြီး ရပ်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူဖို့ ထောက်ခံသူက (၅၄.၇)ရာခိုင်နှုန်း ရှိကြောင်းလည်း သိရပါတယ်။

ထူးခြားတာကတော့ ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ယမားလ်ကို ရောင်းထုတ်သင့်တယ်လို့ ဆန္ဒမဲပေးသူ နှစ်ဦးရှိခဲ့ကြောင်းလည်း သိရပါတယ်။

Most Read

Most Recent