ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပပြီးစီးခဲ့သည့် တောင်ငူမြို့နယ်တွင် မဲဆန္ဒရှင် ၆၅၈၁၉ ဦး ဆန္ဒမဲပေးခဲ့ကြပြီး မဲပေးပိုင်ခွင့်ရှိသူစာရင်း၏ ၄၆ ရာခိုင်နှုန်းကျော် ဆန္ဒမဲပေးခဲ့ကြောင်း သိရ

ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပပြီးစီးခဲ့သည့် တောင်ငူမြို့နယ်တွင် မဲဆန္ဒရှင် ၆၅၈၁၉ ဦး ဆန္ဒမဲပေးခဲ့ကြပြီး မဲပေးပိုင်ခွင့်ရှိသူစာရင်း၏ ၄၆ ရာခိုင်နှုန်းကျော် ဆန္ဒမဲပေးခဲ့ကြောင်း သိရ
Published 29 December 2025

ပဲခူးတ်ိုင်း​ဒေသကြီး တောင်ငူမြို့နယ်တွင် ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၁) တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၇၄၂၉ ဦးရှိပြီး မဲဆန္ဒရှင် ၆၅၈၁၉ ဦး ဆန္ဒမဲပေးခဲ့ကြသဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်း၏ ၄၆ ရာခိုင်နှုန်းကျော် ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

တောင်ငူမြို့နယ်တွင် ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီအချိန်မှစတင်၍ မဲရုံများစတင်ဖွင့်လှစ်ပြီး မဲရုံပေါင်း ၁၄၂ ရုံတွင် ရပ်ကွက်ကျေးရွာပေါင်း ၆၄ ခုမှ မဲဆန္ဒရှင်များက ညနေ ၄ နာရီအထိ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးခဲ့ကြသူ ၅၁၁၉၆ ဦးရှိခဲ့ကြောင်း သိရသည်။

တောင်ငူမြို့နယ်အတွက် ပြည်တွင်းကြိုတင်ဆန္ဒမဲပေးခဲ့ကြသူ ၁၄၆၂၃ ဦးရှိသဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးခဲ့ကြသူ ၅၁၁၉၆ ဦး အပါအဝင် စုစုပေါင်း ၆၅၈၁၉ ဦး ၄၆ ဒသမ ၁၅ ရာခိုင်နှုန်း ဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်ပြီး၊ ကြိုတင်မဲစာရင်းတွင် တပ်မတော်သားကြိုတင်မဲ၊ မဲဆန္ဒနယ်ပြင်ပရောက်ကြိုတင်မဲနှင့် နေရပ်စွန့်ခွာ ကြိုတင်မဲများမှာ ထပ်မံရေတွက်ရန် ကျန်ရှ်ိနေသေးကြောင်း တောင်ငူ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

တောင်ငူခရိုင် မဲဆန္ဒနယ်များအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိကရက်တစ်(ကျားဖြူပါတီ) ပါတီ စသည့် ပါတီများမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၃ ဦးတို့ ရွေးကောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပါတိီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ်(MMP)ဖြင့် ကျင်းပမည့် တောင်ငူရိုင်အတွက် ရွေးကောက်ပွဲ အပိုင်း (၁ )အား တောင်ငူမြို့နယ်တွင် ဒီဇင်ဘာ ၂၈ ရက်နေ့၌လည်းကောင်း၊ အပိုင်း(၂)အား ထန်းတပင်နှင့် ရေတာရှည်မြို့နယ်တို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်၌လည်းကောင်း၊ အပိုင်း (၃)အား အုတ်တွင်း၊ ဖြူး၊ ကျောက်ကြီးမြို့နယ်တို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်၌လည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပုံစာ - တောင်ငူမြို့နယ် မဲရုံများတ့င် မဲစာရင်းရေတွက်နေကြသည်ကို ဒီဇင်ဘာ ၂၈ ရက်နေ့၌တွေ့ရစဉ်။

Most Read

Most Recent