ရွေး​ကောက်ပွဲတွင် သတင်းရယူရန် ​လျှောက်ထားသည့် နိုင်ငံတကာသတင်းမီဒီယာ ၆၁ ဖွဲ့မှ သတင်းထောက် ၂၁၅ ဦးရှိ

ရွေး​ကောက်ပွဲတွင် သတင်းရယူရန် ​လျှောက်ထားသည့် နိုင်ငံတကာသတင်းမီဒီယာ ၆၁ ဖွဲ့မှ သတင်းထောက် ၂၁၅ ဦးရှိ
ပုံစာ- ဒီဇင်ဘာ ၂၅ ရက်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြည်သူ့ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲတွင် သတင်းရယူနေသည့် ABC TV သတင်းဌာနကိုတွေ့ရစဥ်။
ပုံစာ- ဒီဇင်ဘာ ၂၅ ရက်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြည်သူ့ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲတွင် သတင်းရယူနေသည့် ABC TV သတင်းဌာနကိုတွေ့ရစဥ်။
Published 26 December 2025

ရွေး​ကောက်ပွဲတွင် သတင်းရယူရန် ​လျှောက်ထားသည့် နိုင်ငံတကာသတင်းမီဒီယာ ၆၁ ဖွဲ့မှ သတင်းထောက် ၂၁၅ ဦးရှိ​ကြောင်း ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်(UEC)က ​ပြောကြားသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အတွက် သတင်းရယူရန်ခွင့်ပြုထားတဲ့ နိုင်ငံခြားသတင်းဌာနအရေအတွက်နှင့် လူပုဂ္ဂိုလ် အရေအတွက်ကို သိရှိလို​ကြောင်း သတင်းဌာနတစ်ခု၏ ​မေးမြန်းမှုအ​ပေါ် UEC က အထက်ပါအတိုင်း ​ဖြေကြားခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် အပိုင်း(၃)ပိုင်းလုံးတွင် သတင်းရယူရန် နိုင်ငံတကာ သတင်းမီဒီယာများသည် ဒီဇင်ဘာ ၁၂ ရက်အထိ နောက်ဆုံးထား၍ ပြန်ကြားရေးဝန်ကြီးဌာနသို့ လျှောက်ထားခဲ့ကြ​ကြောင်းနှင့် ရွေးကောက်ပွဲတွင် သတင်းရယူရန် ဒီဇင်ဘာ ၁၂ ရက်အထိ လျှောက်ထားခဲ့သည့် နိုင်ငံတကာသတင်းမီဒီယာ ၆၁ ဖွဲ့မှ သတင်းထောက် ၂၁၅ ဦး ရှိပါကြောင်း UEC က ​​​ဖြေကြားသည်။

၂၀၂၅ ခုနှစ် အ​ထွေ​ထွေ​ရွေး​ကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် ၁၀၂ မြို့နယ်၌လည်း​ကောင်း၊ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ ၌ လည်း​​ကောင်း၊ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ် ၆၃ မြို့နယ်တွင်လည်း​ကောင်း ​​ရွေး​ကောက်ပွဲများကျင်းပမည်ဖြစ်သည်။

ဒီဇင်ဘာ ၂၅ ရက်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြည်သူ့ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲတွင် အမေရိကန်သတင်းဌာနတစ်ခုဖြစ်သည့် The News York Time သတင်းဌာန၊ သြစတြေးလျ သတင်းဌာန တစ်ခုဖြစ်သည့် ABC TV နှင့် အခြားနိုင်ငံခြားသတင်းဌာန တစ်ခုတို့ လာရောက် သတင်းရယူသည်ကို တွေ့ရသည်။

ထို့အတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ရွေးကောက်ပွဲယှဥ်ပြိုင်မည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ ဖြိုးရေးပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နန်းဆုသဇင်အောင် (ခ) V V Chen ကို The New York Time သတင်းဌာနက တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ကြောင်း ၎င်း၏ ဖေ့ဘွတ်လူမှုကွန်ရက်တွင် ရေးသားထားသည်ကို တွေ့ရသည်။

 

Most Read

Most Recent