အက်စတွန်ဗီလာအသင်းရဲ့ တိုက်စစ်ကစားသမား မော်ဂန်ရော်ဂျာစ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၇)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။
အင်္ဂလန်ကစားသမား မော်ဂန်ရော်ဂျာစ်ဟာ မန်ယူအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ နှစ်ဂိုးစလုံးသွင်းယူပြီး ခြေစွမ်းပြခဲ့တာကြောင့် ဆန္ဒမဲအများဆုံးရရှိခဲ့တာပါ။
မော်ဂန်ရော်ဂျာစ်က ဆန္ဒမဲ (၂၉)ရာခိုင်နှုန်းရရှိခဲ့ပြီး လိဒ်စ်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်က (၂၇)ရာခိုုင်နှုန်းရရှိခဲ့တာကြောင့် (၂)ရာခိုင်နှုန်းအသာနဲ့ မော်ဂန်ရော်ဂျာစ် အကောင်းဆုံးဖြစ်ခဲ့တာပါ။
မော်ဂန်ရော်ဂျာစ်က ပွဲစဉ်အလိုက်အကောင်းဆုံးဆုကို ဗီလာအသင်းအတွက် ပထမဆုံးရယူပေးနိုင်သူဖြစ်ခဲ့ပါတယ်။
ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ကလပ်အသင်း(၈)သင်းက ကစားသမားတွေသာ ရရှိသေးကြောင်း သိရပါတယ်။















