ဟာကီမီရဲ့ ဖိတ်ခေါ်မှုကြောင့် မော်ရိုကို - မာလီပွဲကို ဘာပေ ကြည့်ရှုအားပေးမယ်

ဟာကီမီရဲ့ ဖိတ်ခေါ်မှုကြောင့် မော်ရိုကို - မာလီပွဲကို ဘာပေ ကြည့်ရှုအားပေးမယ်
Photo: X
Photo: X
Published 26 December 2025

ရီးယဲလ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဘာပေဟာ ဒီနေ့ည(မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၇ ရက် နံနက် ၂း၃၀ နာရီ) ယှဉ်ပြိုင်ကစားမယ့် အာဖရိကနိုင်ငံများဖလားပွဲစဉ် မော်ရိုကို - မာလီပွဲကို ကြည့်ရှုအားပေးမယ်လို့ သိရပါတယ်။

ဘာပေဟာ PSG အသင်းဖော်ဟောင်းဖြစ်တဲ့ မော်ရိုကိုနောက်ခံလူ ဟာကီမီရဲ့ ဖိတ်ခေါ်မှုကြောင့် လက်ရှိအချိန်မှာ မော်ရိုကိုနိုင်ငံကို ရောက်ရှိနေပြီး မော်ရိုကိုအသင်းရဲ့ အုပ်စုဒုတိယပွဲစဉ်ဖြစ်တဲ့ မော်ရိုကို - မာလီပွဲကို အားပေးကြည့်ရှုမှာဖြစ်ကြောင်း သိရပါတယ်။

၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို မော်ရိုကိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေခြင်းဖြစ်ပြီး လက်ရှိအချိန်မှာ လာလီဂါပြိုင်ပွဲကို ဆောင်းရာသီအနားပေးထားတာကြောင့် ဘာပေက သွားရောက်အားပေးခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

မော်ရိုကိုအသင်းဟာ အုပ်စုအဖွင့်ပွဲမှာ ကိုမိုရော့စ်အသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မာလီကတော့ ဇမ်ဘီယာနဲ့ (၁-၁)ဂိုးနဲ့ သရေကျထားပါတယ်။

ဘာပေနဲ့ ဟာကီမီဟာ PSG အသင်းမှာ အလွန်ရင်းနှီးတဲ့အသင်းဖော်တွေဖြစ်ခဲ့ပြီး ပြင်သစ်မြေမှာ ဘာပေ အကူအညီပေးခဲ့တာတွေကို ဘယ်တော့မှမမေ့ဘူးလို့ ဟာကီမီက ပြောကြားခဲ့ဖူးပါတယ်။

Most Read

Most Recent