■ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးတွင် အရေးပေါ်လူနာများကို ၂၄ နာရီ လက်ခံကုပေးလျက်ရှိဟုဆို

■ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးတွင် အရေးပေါ်လူနာများကို ၂၄ နာရီ လက်ခံကုပေးလျက်ရှိဟုဆို
Published 24 December 2025

ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးတွင် အရေးပေါ်လူနာများကို ၂၄ နာရီ လက်ခံကုပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနလက်အောက်ရှိ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးသည် ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးဖြစ်ပြီး ဆေးတက္ကသိုလ်(၁)ရန်ကုန်၏ သင်ကြားရေးဆေးရုံကြီးလည်း ဖြစ်ကာ အထွေထွေရောဂါဆေးပညာနှင့် အထွေထွေခွဲစိတ် ကုသမှုပညာ ဘာသာရပ်များ၏ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများဖြင့် အထွေထွေရောဂါ လူနာများ၊ ခွဲစိတ်လူနာများကို ကုသမှုပေးလျက်ရှိသော ဆေးရုံကြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိပ်သင့်လူနာများ၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးအထူးကုဌာနကိုလည်း ဖွင့်လှစ်ကာ ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၏ အထူးကုပြင်ပလူနာဌာနကို ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက်(၈)နာရီမှ နေ့လယ် (၁၂)နာရီအထိနှင့် နေ့လယ်(၂)နာရီမှ ညနေ (၄)နာရီအထိ အချိန်ခွဲ၍ ဖွင့်လှစ်ကာ သက်ဆိုင်ရာဘာသာရပ်များအလိုက် ပါမောက္ခ/ဌာနမှူးများ၊ အထူးကု ဆရာဝန်ကြီးများက လူနာများကို ကြည့်ရှုကုသပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent