နာပိုလီ - ဘိုလော့ဂ်နာ (ဒီဇင်ဘာ ၂၃ ရက် နံနက် ၁း၃၀ နာရီ)
အီတလီစူပါဖလားပြိုင်ပွဲကို ဆော်ဒီနိုင်ငံမှာ ကျင်းပနေတာဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲအဆင့်ကို ရောက်ရှိလာခဲ့ပါပြီ။ ဆီမီးဖိုင်နယ်မှာ နာပိုလီက အေစီမီလန်ကို (၂-၀)ဂိုးနဲ့ အနိုင်ယူကျော်ဖြတ်ခဲ့ပြီး ဘိုလော့ဂ်နာကတော့ အင်တာမီလန်ကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ကျော်ဖြတ်ခဲ့တာပါ။ နာပိုလီက ဒီပြိုင်ပွဲမှာ ဆုဖလားနှစ်ကြိမ် ရရှိဖူူးပြီး ဘိုလော့ဂ်နာကတော့ ပြီးခဲ့တဲ့ရာသီမှာ ကိုပါအီတာလီယာဖလား ရခဲ့တာကြောင့် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိတာပါ။ နိုဝင်ဘာလက ဆုံတွေ့ခဲ့တဲ့ စီးရီးအေပွဲမှာ ဘိုလော့ဂ်နာအသင်း အနိုင်ရခဲ့သလို၊ အစဉ်အလာမှာလည်း နာပိုလီကို ဒုက္ခပေးနိုင်လေ့ရှိပါတယ်။ ဘိုလော့ဂ်နာကို ရွေးချယ်ချင်ပါတယ်။
ဖူလ်ဟမ် - နော်တင်ဟမ်ဖောရက်စ် (ဒီဇင်ဘာ ၂၃ ရက် နံနက် ၂း၃၀ နာရီ)
နောက်ဆုံး(၅)ပွဲရလဒ်ချင်း နှိုင်းယှဉ်ကြည့်ရင်တော့ နော်တင်ဟမ်က နိုင်ပွဲပိုရထားပါတယ်။ စပါးကို ဂိုးပြတ်အနို်င်ယူခဲ့တဲ့ စွမ်းဆောင်ရည်ကလည်း ကြိုက်လောက်စရာကောင်းပါတယ်။ ဒါပေမဲ့ ဖူလ်ဟမ်ကလည်း ရုန်းအားကောင်းတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းမှာ နော်တင်ဟမ်ကို နိုင်ပွဲဆက်ထားတာကြောင့် အိမ်ရှင်ဘက်ကပဲ ရပ်တည်ချင်ပါတယ်။
ဘီလ်ဘာအို - အက်စ်ပန်ညို (ဒီဇင်ဘာ ၂၃ ရက် နံနက် ၂း၃၀ နာရီ)
လာလီဂါမှာ (၄)ပွဲဆက်အနိုင်ရထားတဲ့ အက်စ်ပန်ညိုအသင်းက အမှတ်ပေးဇယားထိပ်ပိုင်းမှာ ရပ်တည်နိုင်ဖို့ မျှော်မှန်းနေပါပြီ။ အဝေးကွင်းမှာလည်း နိုင်ပွဲဆက်အောင် စွမ်းဆောင်ထားနိုင်ပါတယ်။ ဘီ်လ်ဘာအိုရဲ့ခြေစွမ်းကတော့ မတည်ငြိမ်ပါဘူး။ ဒါပေမဲ့ အိမ်ကွင်းမှာ အက်စ်ပန်ညိုကို အသာစီးရလေ့ရှိတာကြောင့် ဘီလ်ဘာအိုနဲ့ပွဲ စွန့်စားချင်ပါတယ်။















