မနက်ဖြန်ပြုလုပ်မယ့် BBC Sports Personality of the Year ဆုပေးပွဲမှာ Lifetime Achievement ဆုကို အွန်နရီ လက်ခံရယူမယ်

မနက်ဖြန်ပြုလုပ်မယ့် BBC Sports Personality of the Year ဆုပေးပွဲမှာ Lifetime Achievement ဆုကို အွန်နရီ လက်ခံရယူမယ်
Photo: BBC
Photo: BBC
Published 17 December 2025

အာဆင်နယ်အသင်းနဲ့ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီဟာ မနက်ဖြန်ပြုလုပ်မယ့် BBC Sports Personality of the Year ဆုပေးပွဲမှာ Lifetime Achievement ဆုကို လက်ခံရယူမယ်လို့ သိရပါတယ်။

ဒီဆုကို BBC Sports Personality of the Year ဆုပေးပွဲမှာ ၁၉၉၆ ခုနှစ်ကတည်းက စတင်ထည့်သွင်းချီးမြှင့်ခဲ့တာဖြစ်ပြီး အွန်နရီမတိုင်ခင် (၂၃)ဦး ရရှိထားပြီးပါပြီ။

အားကစားနည်း(၁၁)မျိုးက ကစားသမားဟောင်းနဲ့ နည်းပြဟောင်းတွေကို ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပြီး ဘောလုံးလောကတော့ (၇)ဦးရရှိပြီး အများဆုံးဖြစ်နေကြောင်း သိရပါတယ်။

ဘောလုံးလောကက Lifetime Achievement ဆု ရရှိထားသူတွေကတော့ ၂၀၀၁ ခုနှစ်မှာ ဖာဂူဆန်၊ ၂၀၀၂ ခုနှစ်မှာ ဂျော့ချ်ဘတ်စ်၊ ၂၀၀၅ မှာ ပီလီ၊ ၂၀၀၇ မှာ ဘော်ဘီရော့ဘ်ဆင်၊ ၂၀၀၈ မှာ ဘော်ဘီချာလ်တန်၊ ၂၀၁၀ မှာ ဒေးဗစ်ဘက်ခမ်၊ ၂၀၂၃ မှာ ကင်နီဒဲလ်ဂလစ်ရှ်တို့ဖြစ်ပြီး အွန်နရီက (၈)ဦးမြောက်ရရှိသူဖြစ်လာမှာပါ။

အွန်နရီဟာ အာဆင်နယ်အသင်းမှာ ယှဉ်ပြိုင်ကစားစဉ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆု(၂)ကြိိမ်နဲ့ FA ဖလား(၂)ကြိမ် ရယူနိုင်ခဲ့ပြီး လက်ရှိအချိန်အထိ အာဆင်နယ်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားဆဲဖြစ်ပါတယ်။

အွန်နရီဟာ ပရီးမီးယားလိဂ်ရဲ့ ထာဝရအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတာကြောင့် အခုလို Lifetime Achievement ချီးမြှင့်ခံရခြင်းဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent