၂၀၂၅ ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးဗိုလ်လုပွဲကို ဒီနေ့ ကျင်းပမယ်

၂၀၂၅ ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးဗိုလ်လုပွဲကို ဒီနေ့ ကျင်းပမယ်
Photo: Asean Football
Photo: Asean Football
Published 17 December 2025

၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ အမျိုးသမီးဘောလုံးဗိုလ်လုပွဲကို ဒီနေ့ ကျင်းပမှာဖြစ်ပြီး မြန်မာစံတော်ချိန် ည (ရးဝ၀)နာရီမှာ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ အုပ်စုအဆင့်မှာ မြန်မာအသင်းနဲ့အတူ အုပ်စု(B)မှာ ကျရောက်ခဲ့တဲ့အသင်းတွေဖြစ်ပြီး မြန်မာအသင်းနဲ့ အမှတ်တူဖြစ်ခဲ့ပေမဲ့ ဂိုးကွာခြားချက်အသာနဲ့ ကျော်ဖြတ်သွားခဲ့ကြတာပါ။

ဆီမီးဖိုင်နယ်အဆင့်မှာ ဖိလစ်ပိုင်က အိမ်ရှင် ထိုင်းကို ပယ်နယ်တီအဆုံးအဖြတ် (၄-၂)ဂိုးနဲ့ အနိုင်ယူကာ ဗိုလ်လုပွဲတက်ခဲ့တာဖြစ်ပြီး ဗီယက်နမ်ကတော့ အင်ဒိုနီးရှားကို (၅-၀)ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲတက်ခဲ့တာပါ။

ဗီယက်နမ်အမျိုးသမီးအသင်းက ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲမှာ (၈)ကြိမ်ဗိုလ်စွဲထားတဲ့ အအောင်မြင်ဆုံးအသင်းဖြစ်သလို၊ (၄)ကြိမ်ဆက်တိုက် ရွှေတံဆိပ်ရယူထားတဲ့ လက်ရှိချန်ပီယံအသင်းလည်း ဖြစ်ပါတယ်။

ဖိလစ်ပိုင်အသင်းကတော့ ၂၀၂၁ ဆီးဂိမ်းစ်မှာ တတိယဆုရရှိခဲ့တာက အမြင့်ဆုံးဖြစ်ပေမဲ့ ဒီနှစ် အုပ်စုတွင်းဆုံတွေ့စဉ်မှာ ဖိလစ်ပိုင်က ဗီယက်နမ်ကို အနိုင်ယူထားခဲ့တာကြောင့် လာမယ့် ဗိုလ်လုပွဲက  အကြိတ်အနယ်ရှိမှာ သေချာပါတယ်။

တတိယလုပွဲကတော့ မြန်မာစံတော်ချိန် ညနေ (၃းဝ၀)နာရီမှာ အင်ဒိုနီးရှားနဲ့ ထိုင်းတို့ ယှဉ်ပြိုင်ရမှာပါ။

Most Read

Most Recent