■ ပရီးမီးယားလိဂ် ပွဲစဉ်-၁၆ ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ် ပွဲစဉ်-၁၆ ပွဲကြိုသုံးသပ်ချက်
Photos: Liverpool FC
Photos: Liverpool FC
Published 12 December 2025

◘ ချယ်လ်ဆီး - အဲဗာတန် (ည ၉း၃၀ နာရီ)

ပြည်တွင်းနဲ့ ဥရောပပြိုင်ပွဲတွေကြားမှာ ချယ်လ်ဆီးအသင်း ပွဲပန်းနေတယ်။ ပရီးမီးယားလိဂ်သုံးပွဲဆက် နိုင်ပွဲပျောက်ထားသလို၊ ချန်ပီယံလိဂ်မှာလည်း ရှုံးပွဲကြုံခဲ့လို့ လက်ကျန်နှစ်ပွဲကို ပေါ့ဆလို့မရသေးဘူး။ အဲဗာတန်အသင်းကတော့ တဖြည်းဖြည်းနဲ့ ပုံစံကောင်းပြန်ရလာပြီး နိုင်ပွဲတွေလည်း ဆက်နေတယ်။ ဒါပေမဲ့ ယုံကြည်မှုပြန်တည်ဆောက်ဖို့အတွက် ချယ်လ်ဆီးအသင်း အိမ်ကွင်းမှာ နိုင်ပွဲရဖို့ လိုအပ်နေတယ်။ ပြီးခဲ့တဲ့ရာသီလိုပဲ ဂိုးမပြတ်ဘဲ အနိုင်ရဖို့ရှိတယ်။

◘ လီဗာပူးလ် - ဘရိုက်တန် (ည ၉း၃၀ နာရီ)

ဆာလာကို ခေါ်မသွားဘဲ ချန်ထားရစ်ခဲ့တဲ့ အင်တာမီလန်နဲ့ပွဲမှာ လီဗာပူးလ်အသင်း နိုင်ပွဲရခဲ့တယ်။ ဒီပွဲက အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမတိုင်ခင် နောက်ဆုံးပွဲဖြစ်သလို၊ ဆာလာရဲ့ လီဗာပူးလ်ကစားသမားဘဝ နောက်ဆုံးပွဲလည်း ဖြစ်သွားနိုင်တယ်။ ဘရိုက်တန်အသင်းက မာကျောနေဆဲဖြစ်ပေမဲ့ အဝေးကွင်းဆိုရင်တော့ အားပျော့သွားတတ်တယ်။ လီဗာပူးလ်အသင်း (၂-၁) လောက်နဲ့ အနိုင်ရမယ်။

◘ အာဆင်နယ် - ဝုလ်ဗ် (ဒီဇင်ဘာ ၁၄ ရက် နံနက် ၂း၃၀ နာရီ)

ဒဏ်ရာပြဿနာတွေကြားမှာ ပွဲဆက်တွေများနေပေမဲ့ အာဆင်နယ်အသင်း ပုံစံကောင်းကို ထိန်းထားနိုင်တုန်းပဲ။ ဗီလာနဲ့ပွဲမှာ နောက်ဆုံးမိနစ်ဂိုးကြောင့် ရှုံးပွဲကြုံခဲ့ရပေမဲ့ ချန်ပီယံလိဂ်မှာ ဂိုးပြတ်ရလဒ်နဲ့အတူ နိုင်ပွဲပြန်ရှာဖွေနိုင်ခဲ့တယ်။ ဝုလ်ဗ်အသင်းကတော့ ရှုံးပွဲတွေဆက်နေဆဲဖြစ်ပြီး ဇယားအောက်ဆုံးက ရုန်းမထွက်နိုင်သေးဘူး။ ဒီလိုပွဲမျိုးမှာ အနိုင်ရလဒ်အပြင် ဂိုးများများသွင်းထားနိုင်ဖို့ လိုတာကြောင့် အာဆင်နယ်အသင်း ဂိုးပြတ်မှာပါ။

◘ အခြားပွဲစဉ်

*ဘန်လေ - ဖူလ်ဟမ်

 

Most Read

Most Recent