ဆန်းဒါးလန်းနဲ့ပွဲမှာလည်း ဆာလာကို အရန်ခုံထိုင်ခိုင်းသင့်တယ်လို့ စတိဗ်နီကိုးလ် အကြံပြု

ဆန်းဒါးလန်းနဲ့ပွဲမှာလည်း ဆာလာကို အရန်ခုံထိုင်ခိုင်းသင့်တယ်လို့ စတိဗ်နီကိုးလ် အကြံပြု
Photo: X
Photo: X
Published 3 December 2025

လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ စတိဗ်နီကိုးလ်က ဒီနေ့ည ယှဉ်ပြိုင်ကစားရမယ့် ဆန်းဒါးလန်းနဲ့ပွဲမှာလည်း လီဗာပူးလ်အသင်းအနေနဲ့ တိုက်စစ်ကစားသမား ဆာလာကို အရန်ခုံထိုင်ခိုင်းသင့်တယ်လို့ အကြံပြုပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်ခဲ့ရပြီး ဆာလာရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်မှုတွေ ရှိလာတဲ့နောက် ဝက်စ်ဟမ်းကို အနိုင်ရတဲ့ပွဲမှာ နည်းပြ အာနယ်ဆလော့က ဆာလာကို ပွဲထွက်စာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။

ဒါကြောင့် စတိဗ်နီကိုးလ်က ဆာလာမပါမှ လီဗာပူးလ်အသင်း ပိုကောင်းလာကြောင်းနဲ့ ဆန်းဒါးလန်းနဲ့ပွဲမှာလည်း အရန်ခုံထိုင်ခိုင်ထားသင့်ကြောင်း အကြံပြုခဲ့တာပါ။

''သူ့ကို အရန်ခုံမှာပဲ ထိုင်ခိုင်းထားသင့်ပါတယ်။ သူမပါမှ သူတို့ ပိုကောင်းလာပါတယ်။ အသင်းကို ခံစစ်ကနေ စပြီးစဉ်းစားဖို့ လိုအပ်ပါတယ်။ ဆာလာက ခံစစ်မှာ ပါဝင်ဖို့၊ နောက်ခံလူတွေကို ကူညီပေးဖို့ လိုအပ်ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာ ကျစ်လျစ်တဲ့ပုံစံနဲ့ သူတို့ ကစားနိုင်ခဲ့ပါတယ်။ ဒါကို အပြောင်းအလဲလုပ်ပြီး ဆန်းဒါးလန်းနဲ့ပွဲမှာ ဆာလာကို ကစားစေမယ်ဆိုရင် ဆလော့အနေနဲ့ အမှားကြီးကြီးမားမားလုပ်မိတာပါပဲ'' လို့ စတိဗ်နီကိုးလ်က ပြောကြားခဲ့ပါတယ်။

အသက်(၆၃)နှစ်ရှိပြီဖြစ်တဲ့ စတိဗ်နီကိုးလ်ဟာ စကော့တလန်လက်ရွေးစင်နောက်ခံလူဟောင်းဖြစ်ပြီး လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း(၄၆၀)ကျော်ကစားခဲ့တဲ့၊ ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့တဲ့ ဂန္ထဝင်တစ်ဦးဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent