၂၀၂၆ ကမ္ဘာ့ဖလားမှာ စပိန်၊ အာဂျင်တီးနား၊ ပြင်သစ်နဲ့ အင်္ဂလန်တို့ကို ဆီမီးဖိုင်နယ်ရောက်မှ ဆုံတွေ့ရအောင် ပွဲစဉ်ရေးဆွဲမယ်

၂၀၂၆ ကမ္ဘာ့ဖလားမှာ စပိန်၊ အာဂျင်တီးနား၊ ပြင်သစ်နဲ့ အင်္ဂလန်တို့ကို ဆီမီးဖိုင်နယ်ရောက်မှ ဆုံတွေ့ရအောင် ပွဲစဉ်ရေးဆွဲမယ်
Photo: X
Photo: X
Published 26 November 2025

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်၊ အာဂျင်တီးနား၊ ပြင်သစ်နဲ့ အင်္ဂလန်တို့ကို အစောဆုံး ဆီမီးဖိုင်နယ်ရောက်မှ ဆုံတွေ့ရအောင် ပွဲစဉ်ရေးဆွဲသွားမယ်လို့ သိရပါတယ်။

ဒီအသင်းတွေက နောက်ဆုံးထုတ်ပြန်ထားတဲ့ ဖီဖာရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံး(၄)နေရာ ရပ်တည်နေတဲ့အသင်းတွေဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ  စောစောစီးစီး မဆုံတွေ့ရဖို့ ဖီဖာက စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒီအသင်းတွေက ဆီဒင်ရအသင်း(၁၂)သင်းထဲမှာ ပါဝင်တာကြောင့် အုပ်စုတစ်ခုစီမှာ ကျရောက်မှာဖြစ်ပြီး အုပ်စုပထမနေရာကိုသာ ရယူနိုင်ခဲ့ရင် အစောဆုံးဆီမီးဖိုင်နယ်ရောက်မှ ဆုံတွေ့အောင် ရှုံးထွက်အဆင့်ပွဲစဉ်ဇယားကို တွက်ချက်ရေးဆွဲသွားမှာဖြစ်ကြောင်း သိရပါတယ်။

ဒီလိုမျိုး လုပ်ဆောင်တာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်ပြီး စပိန်နဲ့ အာဂျင်တီးနား၊ ပြင်သစ်နဲ့ အင်္ဂလန်တို့ကတော့ ဗိုလ်လုပွဲရောက်မှ ဆုံတွေ့ရမယ့်လမ်းကြောင်း ဖြစ်မယ်လို့လည်း သိရပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ မဲခွဲပွဲကို ဒီဇင်ဘာ(၅)ရက်မှာ ပြုလုပ်မှာဖြစ်ပြီး ဆီဒင်ရအသင်းတွေအဖြစ် Pot(1) မှာ သတ်မှတ်ခံရတဲ့အသင်းတွေကတော့ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ၊ စပိန်၊ အာဂျင်တီးနား၊ ပြင်သစ်၊ အင်္ဂလန်၊ ပေါ်တူဂီ၊ ဘရာဇီးလ်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံနဲ့ ဂျာမနီတို့ ဖြစ်ပါတယ်။

 

Most Read

Most Recent