မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းမပေါ်တွင် Food Blogger တစ်ဦး သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးခဲ့ ကြောင်း သိရသည်။
အဌားယာဉ်မောင်းနှင်သူတစ်ဦးလည်းဖြစ်ပြီး အစားအသောက်များအကြောင်း ဗီဒီယိုရိုက်ကူးသူ ကိုကျော်ဝဏ္ဏမှာ နိုဝင်ဘာ ၂၂ ရက်ညပိုင်းက သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ မဂ်လာဒုံမြို့နယ် အမှတ် ၃ လမ်းပေါ်ခရေပင်လမ်းခွဲအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
" ပြောစရာစကားတောင် မရှိဘူးဗျာ။ ရက်စက်လိုက်ကြတာ။ Zoom kilo က ခေါင်ပေါင်း ညီအကိုတော် ကောင်းရာမွန်ရာ ရောက်ပါစေ။ ညကမာတွေလဲ သတိဝရိယလေး ထားကြပါဗျာ။ ရင်ထဲမကောင်းလွန်းလို့ပါ။ခရေပင် လမ်းခွဲ အမှတ် ၃လမ်းပေါ် မှာ ဖြစ်တာလို့ပဲ သိရပါသေးသည်။ အကြောင်းအရင်း ဂဃနဏ မသိရသေးပါ" ဟု ၎င်း၏ အသိမိတ်ဆွေတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။















