ဂျူရီယန်တင်ဘာရဲ့ အမြွှာညီအစ်ကို ကွင်တန်တင်ဘာကို အာဆင်နယ်အသင်း ခေါ်ယူဖို့ စဉ်းစားနေ

ဂျူရီယန်တင်ဘာရဲ့ အမြွှာညီအစ်ကို ကွင်တန်တင်ဘာကို အာဆင်နယ်အသင်း ခေါ်ယူဖို့ စဉ်းစားနေ
Photo: X
Photo: X
Published 17 November 2025

အာဆင်နယ်အသင်းဟာ နယ်သာလန်နောက်ခံလူ ဂျူရီယန်တင်ဘာရဲ့ အမြွှာညီအစ်ကိုဖြစ်တဲ့ ဖီယင်နုကွင်းလယ်ကစားသမား ကွင်တန်တင်ဘာကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

ကွင်တန်တင်ဘာဟာ ဂျူရီယန်တင်ဘာနည်းတူ အေဂျက်စ်အကယ်ဒမီမှာ ဖြတ်သန်းခဲ့ဖူးသူဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ကူးပြောင်းချိန်မှာတော့ ဂျူရီယန်က အေဂျက်စ်အသင်းမှာ ကျန်ရစ်ခဲ့ပြီး ကွင်တန်က အူထရက်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။

အဲဒီနောက် ဂျူရီယန်က အေဂျက်စ်ကနေ အာဆင်နယ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ကွင်တန်ကတော့ အူထရက်ကနေ ဖီယင်နုကို ရောက်ရှိခဲ့တာပါ။

ကွင်တန်တင်ဘာဟာ လာမယ့် ၂၀၂၆ နွေရာသီမှာ ဖီယင်နုအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရရှိနိုင်မယ့်သူ့ကို ခေါ်ယူလိုတဲ့အသင်းတွေ အတော်များများရှိနေပြီး နာပိုလီအသင်းက စတင်ဆက်သွယ်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

အာဆင်နယ်အသင်းကလည်း ကွင်တန်ရဲ့ခြေစွမ်းကို စောင့်ကြည့်နေပြီး အမှန်တကယ်ခေါ်ယူဖို့ ကြိုးပမ်းခဲ့မယ်ဆိုရင် ဂျူရီယန်တင်ဘာကြောင့် တခြားအသင်းတွေထက် အခွင့်အရေးပိုသာနိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။

သူတို့ရဲ့ အစ်ကိုဖြစ်တဲ့ ဒိုင်လန်တင်ဘာကလည်း ပရော်ဖက်ရှင်နယ်ဘောလုံးသမားပဲ ဖြစ်ပေမဲ့ နယ်သာလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရခြင်းမရှိသလို၊ လက်ရှိအချိန်မှာ နယ်သာလန်ဒုတိယတန်းကလပ်မှာသာ ကစားနေရကြောင်းလည်း သိရပါတယ်။

Most Read

Most Recent